လွတ်လပ်သော တရားစီရင်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ အခွင့်အရေးအား ကာကွယ်သူ ရှေ့နေ ဒေါ်ရွက်နုအောင် လူ့အခွင့်အရေးဆု ချီးမြှင့်ခံရကြောင်း သိရသည်။
အီတလီနိုင်ငံ အခြေစိုက် IDHAE အဖွဲ့အစည်းက ပေးသော ၂၀၂၄ ခုနှစ် လူ့အခွင့်အရေးဆုကို ဒေါ်ရွက်နုအောင် ရရှိခဲ့ခြင်းဖြစ်သည်။
ရှေ့နေ ဒေါ်ရွက်နုအောင်ကို အာဏာသိမ်း စစ်ကောင်စီ မတရားဖမ်းဆီး ထောင်ချထားသည့်အတွက် သူမကိုယ်စား NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဆုအား တက်ရောက်ယူမည်ဖြစ်သည်။
လွတ်လပ်သော တရားရေးဆိုင်ရာ ဖြစ်ပေါ်လာရေး လုပ်ငန်းများနှင့် နိုင်ငံရေးအကျဉ်းသားများ၊ တက်ကြွလှုပ်ရှားသူများ၏ အခွင့်အရေးများအား ကြိုးပမ်းဆောင်ရွက်မှုများအပေါ် IDHAE အဖွဲ့က ပေးခြင်းဖြစ်သည်။
ဒေါ်ရွက်နုအောင်မှာ မန္တလေးအိုးဘိုထောင်တွင် တိုက်ပိတ်ချုပ်နှောင် ခံထားရပြီး စစ်ကောင်စီက ပုဒ်မ-၅၀ (ည) ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ဒေါ်ရွနုအောင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရအဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သလို တရားလွှတ်တော်ရှေ့နေတစ်ဦးလည်း ဖြစ်သည်။