Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ROME, ITALY - JULY 25: Bangladesh Prime Minister Sheikh Hasina meets Italian Prime Minister Giorgia Meloni (not in picture) before their meeting at Palazzo Chigi, on July 25, 2023 in Rome, Italy. (Photo by Antonio Masiello/Getty Images)

ပြည်ပထွက်ပြေးနေသည့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ (Sheikh Hasina) ကို ဘင်္ဂလားဒေ့ရှ်တရားရုံးက အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဖမ်းဝရမ်းထုတ်လိုက်ကြောင်း သိရသည်။

ရှိတ်ဟာစီနာကို ဖမ်းဆီးပြီး လာမည့် နိုဝင်ဘာလတွင် ရုံးထုတ်စစ်ဆေးမည်ဟု ဘင်္ဂလားဒေ့ရှ် တရားရုံးက အမိန့်ထုတ်ပြန်ထားကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြသည်။

“ဝန်ကြီးချုပ်ဟောင်း Sheikh Hasina ကို ဖမ်းဆီးပြီး နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ရုံးထုတ်ဖို့ တရားရုံးက အမိန့်ပေးထားပါတယ်” ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာ ခုံရုံး၏ အစိုးရရှေ့နေ မိုဟာမက် တာဂျူအစ္စလာမ်က ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာမှာ နိုင်ငံအတွင်း ကျောင်းသားများဦးဆောင်သော ဆန္ဒပြပွဲကို အကြမ်းဖက်ဖြိုခွင်းပြီးနောက် ဩဂုတ်လ ၅ ရက်နေ့တွင် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားသည်။

လက်ရှိလည်း အိန္ဒိယနိုင်ငံအတွင်းမှာပဲ ရှိနေသေးကြောင်းနှင့် နောက်ဆုံးတည်နေရာအရ နယူးဒေလီအနီးရှိ စစ်လေတပ်စခန်းတစ်ခုတွင် ရှိနေကြောင်း ရှိတ်ဟာစီနာသတင်းများက ဖော်ပြကြသည်။

ကျောင်းသားများအပါအဝင် လူထုဆန္ဒပြခြင်းတွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ကျူးလွန်ခဲ့ခြင်းအတွက် စွဲချက်တင်ခဲ့ခြင်းဖြစ်ကြောင်း အစိုးရရှေ့နေ မိုဟာမက် တာဂျူအစ္စလာမ်က ဆိုသည်။

“ဇူလိုင်လနဲ့ သြဂုတ်လအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ရှိတ်ဟာစီနာက ဦးဆောင်သူအဖြစ် ကျူးလွန်ခဲ့ပါတယ်” ဟု ပြောသည်။

ရှိတ်ဟာစီနာ၏ ၁၅ နှစ်ကြာ အုပ်ချုပ်မှုအတွင်းမှာ အစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်းနှင့် နိုင်ငံရေးအတိုက်အခံများကို တရားလက်လွတ် သတ်ဖြတ်ခြင်းများ အပါအဝင် ကျယ်ပြန့်သောလူ့အခွင့်အရေးချိုးဖောက်မှုများရှိသည်ဟု စွဲချက်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရှိတ်ဟာစီနာ အကြမ်းဖက်ဖြိုခွင်းခဲ့သည့် ဆန္ဒပြပွဲမှာ ကျောင်းသားများအပါအဝင် အရပ်သား ၃၀၀ ကျော် သေဆုံးခဲ့ရပြီး ဆန္ဒပြသူများ ဝန်ကြီးချုပ်နေအိမ်သို့ ထိုးဖောက်ဝင်ရောက်မှုကြောင့် ရှိက်ဟာစီနာမှာ အိန္ဒယသို့ ထွက်ပြေးသွားခဲ့ရခြင်းဖြစ်သည်။

ရှိတ်ဟာဆီနာ ထွက်ပြေးပြီးနောက် ဘင်္ဂလားဒေ့ရှ် စစ်တပ်က နိုင်ငံအား ယာယီထိန်းသိမ်းပြီး ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မစ္စတာ ယူနွတ်စ်ဦးဆောင်သော ကြားဖြတ်အစိုးရအား ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ