Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
Singapore Civil Defense Force (SCDF) Community Lifesaver Award ချီးမြှင့်ခံရသူနှစ်ဦး

စင်ကာပူနိုင်ငံတွင် ၃ လွှာတိုက်ခန်းအစွန်းပေါ်သို့ ရောက်ရှိနေသည့် ပြုတ်ကျခါနီး အန္တရာယ်ရင်ဆိုင်နေရသော ကလေးငယ်ကို ကယ်ဆယ်ခဲ့သည့် မြန်မာနိုင်ငံသား တစ်ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတို့ကို ဆုချီးမြှင့် ခံလိုက်ရသည်။

ကလေးငယ်အား ကယ်တင်ခဲ့သော မြန်မာနိုင်ငံသား ကိုသူရအောင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတို့ကို အောက်တိုဘာ ၂၅ ရက်နေ့တွင် Singapore Civil Defense Force (SCDF) Community Lifesaver Award ချီးမြှင့်လိုက်ခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန် စင်ကာပူနိုင်ငံတွင် အလုပ်လုပ်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ကားဆရာ Jahirနှင့် မြန်မာနိုင်ငံသား အလုပ်သမား ဆေးသုတ်သမား ကိုသူရအောင်တို့က သုံးလွှာ တိုက်ခန်း အစွန်းတွင် ရောက်ရှိပြီး ပြုတ်ကျနိုင်သည့် အန္တရာယ် ရင်ဆိုင်နေရသော ကလေးငယ်တစ်ဦးကို မြင်တွေ့ခဲ့သည်။

ကလေးငယ်ကို တိုက်ခန်းအစွန်းပေါ်အထိ တက်ရောက် ကယ်တင်ခဲ့သော ကိုသူရအောင်က “ကလေးအတွက် ငါအရမ်းစိုးရိမ်ကြောက်လန့်မိတယ်။ ငါ့အတွက်ငါတောင် မကြောက်ဘူး။ တကယ်တမ်း လူတွေ အများကြီး ၀ိုင်းကြည့်နေကြတော့ ပိုပြီး စိတ်လှုပ်ရှားရတယ်။ ကလေးက အရမ်းကို ကြောက်နေတယ်။ သူ့လက်တွေက အေးစက်နေတယ။ ကလေးက ကျနော့်ပုခုံးကို တင်းတင်းကျပ်ကျပ်ကို ဖက်ထားတယ်” ဟု စင်ကာပူ The Straits Times သို့ ပြောဆိုခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ကားဆရာ Jahir က ကိုသူရအောင်ကို ထမ်းပိုး၍ ကလေးငယ်ရှိနေသော တိုက်ခန်းအစွန်းပေါ်သို့ ရောက်ရှိစေရန် ကူညီပေးခဲ့ပြီး ကလေးငယ်ကို ကိုသူရအောင်က လက်ရ ဘေးမသီ ရန်မခ ကယ်ဆယ်နိုင်ခဲ့သည်။

ဆက်စပ်သတင်းများ