Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော MDY PDF ၏ စစ်သုံ့ပန်းအချုပ်ဆောင်။ (ဓါတ်ပုံ - MDY PDF)

(စစ်သုံ့ပန်းအပါအဝင် ၁၂ ဦး သေဆုံးပြီး ၆၀ ဦးဝန်းကျင် ဒဏ်ရာရ)

မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်၏ စစ်သုံ့ပန်းအချုပ်ဆောင်ကို ယမန်နေ့ အောက်တိုဘာလ ၂၈ ရက် ညနေ ၆ နာရီခွဲတွင် အာဏာသိမ်း စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်က MDY PDF က ယနေ့ ထုတ်ပြန်ထားသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘီလူးစစ်ကြောင်းမှ စစ်သုံ့ပန်းများနှင့် အခြားစစ်သုံ့ပန်းများ ထားရှိရာ အဆောက်အအုံအား ထိမှန်ခဲ့ပြီး စစ်သုံ့ပန်း ၈ ဦး အပါအဝင် ၁၂ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၆၀ ဦးဝန်းကျင် ရှိခဲ့ကြောင်း သိရသည်။

မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် အနေဖြင့် စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းများကို သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားရှိခဲ့သော်လည်း စစ်ကောင်စီသည် ၎င်းတို့၏ တပ်ဖွဲ့ဝင်ဟောင်းများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ကို တွေ့မြင်ရသည်ဟု MDY PDF က ပြောသည်။

စစ်ကောင်စီဗုံးကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော စစ်သုံ့ပန်းများကို ဆေးကုသမှုများ လုပ်ဆောင်ပေးလျက်ရှိကြောင်း မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ထားသည်။

ယနေ့ အောက်တိုဘာလ ၂၉ ရက် နံနက် ၁၂ နာရီခန့်အချိန်တွင်လည်း ရှမ်းပြည် မြောက်ပိုင်း လာရှိုးမြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အောက်တိုဘာလ ၂၈ ရက် ညနေ ၆ နာရီမှ ည ၁၀ နာရီဝန်းကျင်တွင်လည်း စစ်ကောင်စီသည် နောင်ချိုမြို့နယ် ဟိုခိုရွာကို ပေါင် ၅၀၀ ဗုံး ၃ လုံးအပါအဝင် ဗုံးအများအပြားကြဲချခဲ့၍ လူထိခိုက်သေဆုံးမှုများရှိကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ