Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
(ဓါတ်ပုံ - ပုံဟောင်းဖြစ်သည်)

တရုတ်နိုင်ငံတွင် ကျင်းပမည့် မဲခေါင်အစည်းအဝေးသို့ တက်ရောက်ရန် အာဏာသိမ်း စစ်ခေါင်းဆောင် မြန်မာစစ်တပ်၏ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ ယနေ့ နိုဝင်ဘာလ ၅ ရက် နံနက်က စတင်ထွက်ခွာသွားပြီဟု သိရသည်။

နံနက် ၆ နာရီခွဲက MAI အထူးလေယာဉ်ဖြင့် (Airbus 319-XYALK) တရုတ်နိုင်ငံ ကူမင်းမြို့သို့ ထွက်ခွာသွားပြီဖြစ်ကြောင်းနှင့် မဲခေါင်နိုင်ငံများ စုပေါင်းကျင်းကြမည့် အစည်းအဝေးကို တက်ရောက်မည်ဖြစ်သည်။

နိုင်ငံတစ်ဝှမ်း အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုပေါင်း မျိုးစုံကို ကျူးလွန်နေသော မြန်မာစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်သည် တရုတ်ဝန်ကြီးချုပ် Li Qiang ၏ ဖိတ် ကြားချက်အရ သွားရောက်နေခြင်းဖြစ်သည်။

“ဒါက ၈ ကြိမ်မြောက် GMS မဲခေါင်နိုင်ငံများ အစည်းအဝေးကို တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလို့ ဖိတ်ကြားတာဖြစ်ပါတယ်။ တရုတ်နိုင်ငံဝန် ကြီးချုပ်နဲ့လည်း ပြင်ပမှာ သီးခြား ခေတ္တခဏ တွေ့ဆုံခွင့်တောင်းထားတယ်။ ချောင်ချင်းနဲ့ ရှန်ကျန်းမြို့တွေကတော့ တရုတ်လုပ်ငန်းရှင်တွေနဲ့ တွေ့ပြီး ဖွံ့ဖြိုးတိုးတက်မှုတွေကို လေ့လာမှာဖြစ်ပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

နိုဝင်ဘာလ ၆ ရက်နေ့မှ နိုဝင်ဘာလ ၇ ရက်နေ့အထိ ကူမင်းမြို့တွင်ရှိနေမည်ဖြစ်ပြီး ချောင်ချင်းမြို့နှင့် ရှန်ကျန်းမြို့များသို့လည်း သွားရောက်မည်ဟု စုံစမ်းသိရသည်။

မင်းအောင်လှိုင်သည် ရှန်ကျန်းမြို့မှတစ်ဆင့် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း စစ်ဘက်သတင်းရင်းမြစ်များက ပြောဆိုထားကြသည်။

၂၀၂၁ ခုနှစ် နိုင်ငံ့အာဏာကို မတရားသိမ်းပိုက်ပြီးနောက် မင်းအောင်လှိုင်၏ ပထမဆုံးသော နိုင်ငံခြား တရုတ်ခရီးစဉ်ဖြစ်ပြီး ထူးခြားချက်များရှိနေကြောင်း သိရသည်။

တရုတ်အစိုးရသည် မြန်ပြည်သူတစ်ရပ်လုံး ကန့်ကွက်ဆန္ဒဖော်ထုတ်နေသော စစ်ကောင်စီ၏ အတင်းအဓမ္မ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းနှင့် ရွေးကောက်ပွဲကျင်းပရန် ပြင်းဆင်အပေါ် ထောက်ခံနေသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တရုတ်ခရီးစဉ်အပြီးမှာ ရုရှားနိုင်ငံကိုပါက သွားရောက်မည်ဖြစ်ပြီး မဟာမိတ်ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်မည်ဟု သတင်းများထွက်ပေါ်နေကြသည်။

ဆက်စပ်သတင်းများ