Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ရှမ်းမြောက် တအောင်းဒေသအား တွေ့ရစဉ်။ (ဓါတ်ပုံ-TNLA)

ရှမ်းမြောက် တအောင်းဒေသမှာ မြန်မာပြည် မန္တလေးက တင်သွင်းလာသော သွင်းကုန်ပစ္စည်းများကို အခွန်ကောက်ခံမည်မဟုတ်ဘဲ ကင်းလွတ်ခွင့်ပေးမည်ဟု တအောင်းတပ် TNLA က နိုဝင်ဘာ ၅ ရက်တွင် ထုတ်ပြန်အသိပေးထားသည်။

TNLA ၏ အကောက်ခွန်ဌာနမှ တအောင်ပြည်အတွင်း ဒေသခံပြည်သူလူထုများ၏ အခက်အခဲများကို ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ သွင်းကုန်/ပို့ကုန်အပေါ် အခွန်ကင်းလွတ်ခွင့်နှင့်ပတ်သက်၍ အောက်တိုဘာလ ၂၅ ရက်နေ့က အသိပေးထုတ်ပြန်မှုတစ်ခုရှိခဲ့သည်။

အဆိုပါ အခွန်ကင်းလွတ်ခွင့်တွင် တအာင်းပြည်အတွင်းသို့ တင်သွင်းသည့် စားသောက်ကုန်ပစ္စည်းများ၊ စက်သုံးဆီအမျိုးမျိုး၊ အိမ်သုံးကုန်ပစ္စည်းများသာ အကျုံးဝင်သည်ဟု ဆိုထားသည်။

ထိုထုတ်ပြန်ချက် နောက်ဆက်တွဲအနေဖြင့် မြန်မာပြည် မန္တလေးမှ တအာင်းပြည်အတွင်းသို့တင်သွင်းလာသည့် စားသောက်ကုန်ပစ္စည်းများ၊ စက်သုံးဆီအမျိုးမျိုးနှင့် အိမ်သုံးကုန်ပစ္စည်းများ အပေါ် အခွန်ကောက်ခံမည်မဟုတ်ကြောင်း TNLA က ယမန်နေ့တွင် ထပ်မံ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယင်းအပြင် တအာင်းပြည်အတွင်း အချင်းချင်း ကူသန်းရောင်းဝယ်မှုနှင့် သွင်းကုန်/ပို့ကုန်အပေါ်မှာလည်း အခွန်ကောက်ခံမည်မဟုတ်ကြောင်းနှင့် ဒေသခံပြည်သူလူထုများအပေါ် အခွန်ကင်းလွတ်ခွင့်ပေးသွားမည်ဟု TNLA က ဆိုသည်။

သို့သော်လည်း တအာင်းနှင့်တရုတ်ကြား သွင်းကုန်၊ ပို့ကုန်ကုန်ပစ္စည်းများနှင့် တအာင်းပြည်က မြန်မာပြည် မန္တလေး သို့ တင်ပို့သည့် ကုန်ပစ္စည်းများကိုမူ အခွန်ကောက်ခံသွားမည်ဟု TNLA အကောက်ခွန်ဌာနက ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ