Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

တရုတ်-မြန်မာနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ ဒီမိုကရေစီအရေး ရုပ်ပြ၍ စစ်ဘုရင်ဝါဒကို အသက်သွင်းနေသူများဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်နိုင်ငံသို့ ရောက်ရှိနေစဉ် ထုတ်ဖော်ပြောသည်။

မူးယစ်ဆေးဝါး၊ မှောင်ခိုနှင့် တရားမဝင်လုပ်ငန်းများကိုလည်း လုပ်ဆောင်ကြ၍ “ကျားသေကို အသက်ပြန်မသွင်းမိကြစေဖို့” လိုအပ်ဟု မင်းအောင်လှိုင်က တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် တရုတ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

တရုတ်-မြန်မာနယ်စပ်တွင် လက်နက်ကိုင်များက ငြိမ်းချမ်းရေးကမ်းလှမ်းချက်နှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်မှုများကို မျက်ကွယ်ပြု၍ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သည်ဟု မင်းအောင်လှိုင်က စွပ်စွဲထားသည်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် အထင်အမြင်လွဲမှားအောင် နည်းမျိုးစုံဖြင့် လက်နက်ကိုင်အဖွဲ့များက ပြုလုပ်ပြီး နိုင်ငံရေးအရ၊ စစ်ရေးအရ အမြတ်ထွက်အောင် ၎င်းတို့ကပဲ ဆောင်ရွက်ခဲ့ကြောင်း မင်းအောင်လှိုင်က ဆိုသည်။

နယ်စပ်ဒေသများမှ လက်နက်ကိုင်များသည် ယခင်အတိတ်ကာလက မူးယစ်ဆေးဝါးလုပ်ငန်းများ၊ မှောင်ခိုလုပ်ငန်းများနှင့် တရားမဝင်လုပ်ငန်းများ လုပ်ဆောင်ပြီး စစ်ဘုရင်ဝါဒကို အသက်သွင်းခဲ့သူများဖြစ်ကြောင်း ၎င်းက ပြောသည်။

ယခုအချိန်တွင်လည်း ဒီမိုကရေစီအရေး၊ လူမျိုးစုအရေး စသည့်အရေးများကို ရုပ်ပြအဖြစ် အသုံးပြုပြီး စစ်ဘုရင်ဝါဒကို ပြန်လည် အသက်သွင်းနေသည်ကို မြင်တွေ့ရကြောင်း၊ ကျားသေကို အသက်ပြန်အသက်မသွင်းမိကြစေဖို့ ပြောလိုကြောင်း မင်းအောင်လှိုင်က ပြောဆိုသွားသည်။

လက်ရှိတွင် မင်းအောင်လှိုင်က ရှမ်းပြည်နယ်မြောက်ပိုင်း အပါအဝင် တစ်နိုင်ငံလုံးတွင် စစ်ကောင်စီက လက်လွှတ်ထားရသော နယ်မြေများကို ပြန်လည်ရရှိရေး ရန်နိုင်မင်းစစ်ဆင်ရေးကို စက်တင် ဘာလ ၁ ရက်နေ့မှစတင်၍ အကောင်အထည်ဖော်ကာ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေသည်။

လေယာဉ်ဖြင့် ဗုံးကျဲခြင်းများကို တောက်လျှောက်ဆိုသလို လုပ်ဆောင်ပြီး ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်ခြင်းများကို နေ့စဉ်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ