Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ယမန်နေ့ နိုဝင်ဘာ ၇ ရက်နေ့က တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ရွှေ့ပြောင်းအလုပ်သမားအရေးကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နှစ်နိုင်ငံ ချစ်ကြည်ရေးတိုးမြှင့်ရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ရွေးကောက်ပွဲအား ထောက်ခံပေးခြင်းနှင့် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးကုန်သွယ်မှု၊ အွန်လိုင်းလောင်းကစားလုပ်ငန်းများအား တိုက်ဖျက်ရေးတို့ကို မင်းအောင်လှိုင်က ထိုင်းဝန်ကြီးချုပ်ထံ တောင်းဆိုခဲ့သည်။

ယင်းအပြင် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ တည်နေရာ အတိအကျ၊ အသေးစိတ်အချက်အလက်များနှင့် အရေအတွက်များကို ရယူလိုကြောင်း မင်းအောင်လှိုင်က ဆက်လက် တောင်းဆိုခဲ့သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်တို့မှာ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပနေသည့် မဲခေါင်ထိပ်သီးအစည်းအဝေးသို့ ရောက်ရှိနေကြပြီး သီးခြားတွေ့ဆုံခဲ့ကြကြောင်း သိရသည်။

မင်းအောင်လှိုင်က မြန်မာနိုင်ငံသားများ၏ အချက်အလက်အသေးစိတ်များအား ရရှိရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးများနှင့် ချိတ်ဆက်လုပ်ဆောင်သွားရန် ဆင်ပြင်နေပြီဖြစ်ကြောင်းလည်း ထိုင်းဝန်ကြီးချုပ်ကို ပြောဆိုခဲ့သည်။

မင်းအောင်လှိုင်နှင့် သီးခြားတွေ့ဆုံခဲ့သော်လည်း ထူးထူးခြားခြား မျှော်လင့်ချက် မရှိကြောင်း ထိုင်းဝန်ကြီးချုပ် ပေထုန်တန်က ပြောသည်။

ထိုင်းဝန်ကြီးချုပ် ပေထုန်တန်က မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကူညီထောက်ပံ့ရန်နှင့် ဒေသတွင်းစီးပွားရေး တိုးတက်ဆောင်ရွက်ရန်အတွက် ထိုင်းနိုင်ငံအနေဖြင့် အမြဲအဆင်သင့်ရှိနေပြီး မြန်မာပြည်တွင်းရေးပြဿနာသည် မြန်မာနိုင်ငံကသာ တာဝန်ယူဖြေရှင်းရန် လိုအပ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

” မြန်မာပြည်တွင်းရေးကို မြန်မာကနိုင်ငံသာ ဖြေရှင်းရမှာဖြစ်ပြီး နှစ်နိုင်ငံကာလရှည် ချစ်ကြည်ရင်းနှီးမှုအတွက်တော့ လုပ်ဆောင်သွားမှာဖြစ်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့်လက လာအိုနိုင်ငံ၌ ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးတွင်လည်း မစ္စပေထုန်တန်က မြန်မာပြည်တွင်းပဋိပက္ခများကို စစ်ရေးနှင့် မဖြေရှင်းဘဲ တွေ့ဆုံစကားပြောသည့်လမ်းကြောင်းဖြင့် အဖြေရှာကြရန် တိုက်တွန်းထားသည်။

“စစ်ရေးအရ အဖြေမရှာဘဲ စကားပြောရန်အချိန်တန်ပြီ” ဟု ထိုင်းဝန်ကြီးချုပ် ပေထုန်တန်က ပြောကြားခဲ့သည်။

ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံ နယ်နိမိတ်ချင်းထိစပ်မှု ကီလိုမီတာ ၂,၀၀၀ ရှည်လျားပြီး မြန်မာနိုင်ငံက မကြာခဏ တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးကို အနှောင့်အယှက် ဖြစ်စေကြောင်း သိရသည်။

ထောင်ပေါင်းများစွာသော မြန်မာဒုက္ခသည်များအနက် အချို့မှာ ထိုင်းနိုင်ငံတွင် ဆယ်စုနှစ်များစွာ နေလာခဲ့ပြီး တက်ခ်နှင့် မယ်ဟောင်ဆောင်ခရိုင်ရှိ စခန်းများတွင် နေထိုင်ကြသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်သည် ပထမဆုံး ခရီးစဉ်ဖြစ်ပြီး တရုတ်ဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့နှင့် တွေ့ဆုံးခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က မြန်မာ့အကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ