Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ- လွတ်မြောက်လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအားတွေ့ရစဉ်။ ဓါတ်ပုံ- TTN

အာရက္ခတပ်တော် AA က ဖမ်းဆီးထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၂၀ ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်ရဲတပ်ဖွဲ့ထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း TTN သတင်းဌာနတွင် ဖော်ပြထားသည်။

ရခိုင်ပြည် ပိုင်နက် အတွင်းသို့ ကျူးကျော်ဝင်ရောက်ပြီး ငါးဖမ်းနေသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၀ ဦးကို ငါးဖမ်းလှေများနှင့်အတူ AA ၏ ကမ်းခြေစောင့်တပ်သားများ နိုဝင်ဘာလ ၅ ရက်နေ့မှာ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၂၀ ဦးကို နိုဝင်ဘာလ ၇ ရက်နေ့ ညနေတွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ထံသို့ ပြန်လည်လွဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံအခြေစိုက် TTN သတင်းဌာနတွင် ဖော်ပြသည်။

ငါးဖမ်းနေစဉ် ဘင်္ဂလား-မြန်မာနယ်စပ် သုညမျဉ်းကို မတော်တဆ ဖြတ်ကျော်ပြီး ရခိုင်ပြည် ရေပိုင်နက်ထဲ ဝင်ရောက်လာခဲ့စဉ်တွင် အာရက္ခတပ်တော် ကမ်းခြေစောင့်တပ်ဖွဲ့က ၎င်းတို့ကို တရားမဝင် ဝင်ရောက်မှုဖြင့် လှေနှင့်အတူ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၂၀ ဦးသည် ငါးဖမ်းသင်္ဘောမှ လက်လုပ်စက် ၁၅ စင်းဖြင့် ဘင်္ဂလားပင်လယ်အော်တွင် နိုဝင်ဘာ ၅ ရက်နေ့ ငါးဖမ်းခဲ့စဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ပြန်လည် လွတ်မြောက်လာသူများက ဝန်ခံထားသည်။

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်ရဲတပ်ဖွဲ့ က အာရက္ခတပ်တော် AA နှင့် ဆက်သွယ်ပြီးနော် ဖမ်းဆီးခံထားရသော ငါးဖမ်းသမား ၂၀ ဦးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ခဲ့ကာ ၎င်းတို့ကို မိသားစုများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၄ ရက်ကနေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ဦးသည် ပင်လယ်ဓားပြအဖွဲ့တစ်ဖွဲ့၏ ဓားပြတိုက်ခြင်းကို ခံခဲ့ရပြီး ၎င်းတို့ကို မော်တော်ဘုတ်ထက်၌ပင် ဖမ်းဆီး လှောင်ပိတ်ခြင်းကို ခံခဲ့ရသည်။

ယင်းနောက်တွင် အောက်တိုဘာလ ၇ရက်နေ့ တွင် အာရက္ခကမ်းခြေစောင့်တပ်က မောင်တောမြို့နယ် ကျောက်ပန္ဒူကမ်းခြေအနီး၌ အဆိုပါ ရေလုပ်သားငါးဖမ်းသမား ၁၆ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း သက်ဆိုင်ရာကို လွှဲပြောင်း ပေးခဲ့သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ