Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသမှာ တရုတ်ခရီးသွား ၅ ဦး လူကုန်ကူးခံရ၍ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့မှ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

တရုတ်ခရီးသွား ၅ ဦးမှာ တရားဝင် ပါ့စ်ပို့နှင့် ဗီဇာများရှိနေပြီး ထိုင်းနိုင်ငံ ပတ္တရာကမ်းခြေကို သွားရန် စီစဉ်ခဲ့သော်လည်း မဲဆောက်နယ်စပ်သို့ လူကုန်ကူးခံရကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

၎င်းတို့ ၅ ဦးနှင့် လူကုန်ကူးသူများကို တက်ခ်-မဲဆောက် လမ်းပေါ်ရှိ Haui Hin လုံခြုံရေးဂိတ်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်းနှင့် တရုတ်ခရီးသွားများမှာ လမ်းကြောင်းပြောင်းသွားသည်ကို သိလိုက်သောအခါ တုန်လှုပ်ခြောက်ခြားသွားကြောင်း တရုတ်စကားပြန်ထံမှ သိရသည်။

“တရုတ်လူမျိုး ၅ ဦးဟာ ပတ္တရားကမ်းခြေကို ခရီးသွားဖို့ စီစဉ်ခဲ့တာ ဖြစ်ပေမယ့် မြန်မာနိုင်ငံ မြ၀တီမှာ ငွေကြေးလိမ်လည်ခြင်းပြုလုပ်တဲ့ call center တစ်ခုမှာ တရားမ၀င် အလုပ်လုပ်ခိုင်းခံရဖို့ လူကုန်ကူးခံရတာ ဖြစ်နိုင်တယ်” ဟု ထိုင်းရဲတပ်ဖွဲ့က ယုံကြည်နေသည်။

ထိုင်းရဲအရာရှိများမှာ ခရီးသွား တရုတ်လူမျိုး ၅ ဦးကို မူလစီစဉ်ခဲ့သည့် ပတ္တရာကမ်းခြေသို့ လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်းနှင့် ယခင်ကလည်း နယ်စပ်ဒေသများတွင် ခရီးသွားများ လူကုန်ကူး ခံရမှုဖြစ်စဉ်များ ရှိကြောင်း သိရသည်။

လူကုန်ကူးမှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများကို တားဆီးရေး AI စနစ်ဖြင့် စောင့်ကြည့်ရန် စီစဉ်သွားမည်ဖြစ်ပြီး အထူးသဖြင့် AI စနစ် စောင့်ကြည့်ရေးကို ထိုင်း-မြန်မာ နယ်စပ်ဒေသတွင် ပြုလုပ်သွားမည်ဟု သိရသည်။

Ref: The Reporters နှင့် ထိုင်းသတင်းဌာနများ

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ