ရခိုင်တိုက်ပွဲ ၂၀၂၃ နိုဝင်ဘာ ၁၃ မှ ၂၀၂၄ နိုဝင်ဘာ ၁၃ တစ်နှစ်အတွင်း အများပြည်သူအသုံးပြုရာ အဓိက အရေးကြီးဆက်သွယ်ရေးတံတား ၂၈ စင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖျက်ဆီးသွားကြောင်း AA က ထုတ်ပြန်ထားသည်။
စစ်ကောင်စီမှာ အဆိုပါ တံတားများကို မိုင်းခွဲဖျက်ဆီးခြင်း၊ လက်နက်ကြီးပစ်ခတ် ဖျက်ဆီးခြင်းနှင့် လေကြောင်းတိုက်ခိုက်ပြီး ဖျက်ဆီးသွားခြင်းဖြစ်သည်။ လက်ရှိတွင် အဆိုပါ တံတားများမှာ အများပြည်သူအသုံးပြု၍ လုံးဝ မရရှိတော့ကြောင်း သိရသည်။
မောင်တောမြို့နယ်က တံတား ၉ စင်း၊ သံတွဲမြို့နယ်က တံတား ၇ စင်း၊ တောင်ကုတ်မြို့နယ်က တံတား ၅ စင်း၊ ဘူးသီးတောင်မြို့နယ်က တံတား ၂ စင်း၊ စစ်တွေ မင်းချောင်းတံတား၊ ကျောက်တော်က ကစ္ဆပနီဒီတံတား၊ မအီမြို့က ကျောက်ကြီးပေါက်ချောင်းတံတား၊ ရသေ့တောင်-ပုဏ္ဏားကျွန်းကားလမ်း စေတီပြင်တံတားနှင့် ဂွမြို့နယ်က ကုလားပြင်တံတားတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။