ကချင်ပြည်နယ် ဖားကန့်မြို့တွင် ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဖားကန့်ပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် KIA၊ PDF၊ NUG ထောက်ခံပွဲပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဆန္ဒပြပြည်သူများက “လူထုနဲ့စတဲ့ တော်လှန်ရေး လုထုဆန္ဒနဲ့အဆုံးသတ်”၊ “လာပါ ငါတို့အတူတူရုန်းမယ် ”၊ “ စစ် အာဏာရှင်စနစ် လုံးဝအုပ်ချုပ်ခွင့်မရစေရ”၊ “ စစ်ခွေးတွေကို အမြစ်ဖြတ်ဖို့ ပြည်သူအားလုံးပါဝင်စို့” စသည့် ကြွေးကြော်သံများဖြင့် ချီတက် သပိတ်မှောက်ခဲ့ကြသည်။
ထို့ပြင် နိုဝင်ဘာလ ၁၅ ရက်နေ့က ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကုန်းလောကျေးရွာ KBC ဘုရားကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ သေဆုံးသွားသော အပြစ်မဲ့ ကလေးငယ်များနှင့် ပြည်သူများအတွက်လည်း ဆုတောင်းပေးခဲ့ကြကြောင်း သိရသည်။