Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် AA က သိမ်းပိုက်ထားသည့် မြို့နယ်များသို့ စက်သုံးလောင်စာဆီနှင့် ဆေးဝါးများ ရောက်ရှိခြင်း မရှိစေရေး စစ်ကောင်စီက ပြည်နယ်အား အထူးညွှန်ကြားထားကြောင်း စုံစမ်း သိရသည်။

အဆိုပါ ဒေသများသို့ စက်သုံးလောင်စာဆီများ လုံး၀ ရောက်ရှိခြင်းမရှိစေရေး ဆီအရောင်းဆိုင်များနှင့် ကုမ္ပဏီများကို စစ်ကောင်စီက စည်းကမ်းချက်နှင့်အမိန့်များ ချမှတ်ပြီး အထူးတင်းကြပ်မှုများ လုပ်ဆောင်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များနှင့် ဆီကိုယ်စားလှယ်များက ပြောသည်။

ရခိုင်က အမည်မဖော်လိုသည့် ကုန်သည်တစ်ဦးက “အခုက ဘာမှ သယ်ဆောင်ခွင့်တွေ မပေးတော့တာပါ။ စစ်တွေနဲ့ ကျောက်ဖြူက လေကြောင်းလိုင်းတွေ ရှိတယ်။ အဲ့ဒါကလည်း သယ်ဆောင်ခွင့်မပေးတော့ဘူး။ အထူးသဖြင့် ရေကြောင်းက လုံးဝ သယ်ဆောင်ခွင့် မပေးတော့ပါ။ တစ်လောကတောင် ပစ္စည်းတွေ ပို့တာ အကုန်အဖမ်းခံရပါတယ်။ အဲ့ဒီမှာ ဆေးဝါးပါတယ်။ လူသုံးကုန်ပစ္စည်းတွေ ပါတယ်”ဟုပြောသည်။

ကျန်းမာရေးမကောင်း၍ သက်ကြီးပိုင်းများမှာ စစ်တွေ၊ ကျောက်ဖြူ လေကြောင်း ကနေတစ်ဆင့် ဆေးသွားကုသရာတွင်လည်း လမ်းတွင် တားမြစ်ချက်များ မျိုးစုံရှိနေပြီး ပြန်လာသည့်အခါမှာလည်း ဆေးဝါးများကို သယ်ဆောင်ခွင့် မရှိကြောင်း ရန်ကုန်သို့ သွားရောက် ဆေးကုသ၍ ပြန်လာသူတစ်ဦးက ပြောသည်။

“ကျနော် ကင်ဆာရောဂါအခြေအနေကြောင့် မကြာခဏ ဆိုသလို သွားပြနေရတာပါ။ အဲ့ဒီကျောက်ဖြူ လေဆိပ်ရောက်တော့ ဆေးတွေ သိမ်းဆည်းသွားတာပါ။ ဘာလုပ်ဖို့လဲ ဘာအတွက်လည်းဆို ပြီးတော့ မေးတာ၊ ကျနော်က ကျန်းမာရေးထောက်ခံချက်တွေ၊ ဆေးစာတွေ အကုန်ပြတယ်။ မရဘူး။ အကုန်သိမ်းသွားတယ်”ဟုပြောသည်။

အဆိုပါ လူနာများသည် စစ်တွေ၊ ကျောက်ဖြူ ကနေ့တစ်ဆင့် ရန်ကုန်သို့ ဆေးကုသရန် သွားရောက်ခဲ့သူများ ဖြစ်ကြပြီး မိမိနေရပ်သို့ ပြန်အလာ လေဆိပ်နှင့် ဆိပ်ကမ်းတို့မှာ သိမ်းဆည်းခံရခြင်း ဖြစ်ကြောင်း နောက်ထပ် လူနာတစ်ဦးက ပြောသည်။

“ကျနော်က အစာအိမ်ဆေးတွေ၊ ပြီးတော့ ကျောက်ကပ်ဆေးတွေ၊ တီဗီဆေးတွေ ကျနော်ဆေးစာရွက်နဲ့ ဝယ်လာတာပါ။ အဲ့ဒီကို ဆိပ်ကမ်းမှာ အကုန်အသိမ်းခံရပြီးတော့ မြစ်ထဲလွှင့်ပစ်လိုက်တာပါ။ ဒါဘာလုပ်ဖို့လဲ ခင်ဗျားတို့ AA ဆီကို ပို့မလားမေးတယ်။ ကျနော်ရဲ့ ကျန်းမာရေး စာရွက်စာတမ်းတွေကို ပြလည်း မရဘူး”ဟုပြောသည်။

ထို့ပြင် AA စိုးမိုးထားသည့် နေရာများသို့ စားနပ်ရိက္ခာ၊ ဆေးဝါး၊ လူသုံးကုန်နှင့် အီလက်ထရောနစ်ပစ္စည်းများ မရောက်ရှိစေရေးအတွက် ပြည်မဖက်အတွင်း စစ်ဆေးရေးဂိတ်များချ၍ တင်းတင်းကျပ်ကျပ် စစ်ဆေး ဖမ်းဆီးခိုင်းထားသည်။

နောက်ထပ် ရခိုင်က ကုန်သည် တစ်ဦးက”ရခိုင်ကိုက နဂိုကတည်း ကုန်စည်တင်သွင်းခွင့်တွေကို ပိတ်ထားတာပါ။ ဒါပေမယ့် အချို့ကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သယ်ကြတာပေါ့နော်။ အဲ့ဒီကြားထဲမှာ အဖမ်းခံရတာတွေ အများကြီးပဲ။ အခု ကတော့ လုံးဝကို သယ်ခွင့်တွေ မပေးတော့ဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကရင်ပြည်နယ်၊ ကရင်နီ၊ ရခိုင်ပြည်၊ ချင်းပြည်နယ်၊ ကချင် ပြည်နယ်၊ စစ်ကိုင်းနှင့် တနင်္သာရီတိုင်း မကွေးတိုင်းအတွင်းမှ လွတ်မြောက်နယ်မြေများသို့ စက်သုံးလောင်စာဆီများ ရောက်ရှိခြင်း မရှိစေရေးအတွက် စစ်ကောင်စီက လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ