Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra သည် အမေရိကန် ရွေးကောက်ခံ သမ္မတ Donald Trump နှင့် ဗီဒီယို ခေါ်ဆိုမှု ပြုလုပ်ခဲ့သည်။ (Photo: PR Thai Government Facebook)

(ထိုင်းနိုင်ငံသည် အမေရိကန်နှင့်လက်တွဲရန် အဆင်သင့်ရှိနေ)

ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ထရာ (Paetongtarn Shinawatra) က Trump နှင့် တယ်လီဖုန်းဆက် စကားပြောခဲ့ပြီး အမေရိကန်ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က ‘ငါလုပ်နိုင်တာမှန်သမျှ မင်းငါ့ကိုပြောပြပါ’ ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

၀န်ကြီးချုပ် ပေထုန်တန် သည် အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump နှင့် ဖုန်းခေါ်ဆိုခဲ့ကြောင်း ၎င်း၏ရုံးက ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက်က ပြောကြားခဲ့ပြီး ၎င်းတို့နှစ်ဦးစလုံး၏ အုပ်ချုပ်ရေးပိုင်းကို အချင်းချင်း ပံ့ပိုးပေးမည်ဟု ကတိပြုခဲ့သည်။

စက်တင်ဘာလတွင် တက်လာပြီး ထိုင်းနိုင်ငံ၏ အသက်အငယ်ဆုံး ၀န်ကြီးချုပ်ဖြစ်သည့် မစ္စ ပေထုန်တန်က ၎င်း၏ နိုင်ငံသည် အမေရိကန်နှင့် လက်တွဲရန် အဆင်သင့်ရှိကြောင်း ထပ်လောင်း ပြောကြားခဲ့ပြီး သမ္မတ Trump က သူမ၏ လုပ်ဆောင်ချက်ကို ချီးကျူးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

” အကူအညီ လိုအပ်တာများရှိရင် ပြောပါ။ ထိုင်းနိုင်ငံဟာ လုံးဝလှပတဲ့ နိုင်ငံဖြစ်တယ်။” ဟု ထုတ်ပြန်ချက်မှာပါသည့် ဗီဒီယိုတစ်ခုအရ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံသည် အာရှတွင် ဝါရှင်တန်၏ သက်တမ်းအရှည်ဆုံး မဟာမိတ်နိုင်ငံဖြစ်ပြီး ဒေသတွင်းတွင် ၎င်း၏ အကြီးဆုံး သံတမန်ရေးရာ တည်ရှိရာနေရာဖြစ်သည်။

နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို နှစ်စဉ်ကျင်းပကြပြီး တရားဥပဒေစိုးမိုးရေး အပါအဝင် အပြန်အလှန်ဖလှယ်မှု အများအပြားတွင် ပါဝင်ခဲ့ကြသည်။

ဗီယက်နမ်ကဲ့သို့ မော်တော်ယာဥ်နှင့် အီလက်ထရွန်နစ် စက်ရုံများရှိသော ထိုင်းနှင့် အရှေ့တောင်အာရှနိုင်ငံများသည် တရုတ်သွင်းကုန်များအပေါ် အခွန်တိုးကောက်မည့် အလားအလာရှိသော Trump မူဝါဒများမှ အကျိုးအမြတ်ရရှိနေကြသည်။

တရုတ်ထုတ်ကုန်များကို အစားထိုးရန်အတွက် ထိုင်းနိုင်ငံသည် အမေရိကန်သို့ ပိုမိုတင်ပို့ရန် ကြိုးပမ်းသင့်ကြောင်း ကုန်သွယ်ရေးဝန်ကြီး Pichai Naripthaphan က ပြောကြားခဲ့သည်။

ပို့ကုန်များသည် စီးပွားရေး၏ အဓိက မောင်းနှင်အားဖြစ်ပြီး အမေရိကန်သည် ထိုင်းနိုင်ငံ၏ ထိပ်တန်းပို့ကုန်နေရာဖြစ်သော်လည်း တရုတ်နောက်တွင် ရှိနေသေးကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ