Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများအတွက် အမေရိကန်အစိုးရက ပေးထားသော ပညာတော်သင်ဆု ထောက်ပံ့ကြေး ဒေါ်လာ ၄၅ သန်းကို ထရမ့်အစိုးရလက်ထက် ပြန်ရုပ်သိမ်းနိုင်ခြေရှိကြောင်း သိရသည်။

မြန်မာကျောင်းသားများ၏ ပညာတော်သင်ဆု ထောက်ပံ့ငွေများကို ပြန်လည်ရုပ်သိမ်းနိုင်ရန် ဦးစားပေးလုပ်ငန်းအဖြစ် ထရမ့်ခန့်အပ်သော အီလွန်မက်စ် ဦးဆောင်သည့် အစိုးရလုပ်ငန်းစဉ်များပြန်လည်စိစစ်ရေးဌာနက သုံးသပ်တင်ပြထားကြောင်း သိရသည်။

သမ္မတဂျိုးဘိုင်ဒင် ဦးဆောင်သော အမေရိကန်အစိုးရက မြန်မာကျောင်းသား/ကျောင်း သူများအတွက် “Diversity and Inclusion” ပညာသင်ဆု အမေရိကန်ဒေါ်လာ ၄၅ သန်း သုံးစွဲရန် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် အတည်ပြုခွင့်ပြုထားခဲ့သည်။

သို့သော်လည်း ထရမ့်အစိုးရ အီလွန်မက်စ် ဦးဆောင်သောအဖွဲ့က မြန်မာ့ကျောင်းသားများအတွင် ပညာတော်သင်ဆု ထောက်ပံ့ငွေ ပေးသင့်မပေးသင့် ပြန်လည်စိစစ်သုံးသပ်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် တရားစီရင်ရေးမဏ္ဍိုင် ဆိုးရွားစွာ ချို့ယွင်းနေပြီး အကျင့်ပျက်ခြစားမှုများ ပြားလာခြင်းနှင့် အစိုးရက စီးပွားရေးနှင့် ပိုင်ဆိုင်မှုများကဏ္ဍတွင် ဝင်ရောက် စွက်ဖက်နေခြင်းတို့ကြောင့် ဆင်းရဲမွဲတေမှုနှင့် ကြီးမားသော ပြဿနာများ ကြုံတွေ့နေရသည်ဟု ဆိုသည်။

ထိုကြောင့် အမေရိကန်အစိုးရက ပေးအပ်သော အမေရိကန်ဒေါ်လာ ၄၅ သန်း ပညာသင်ဆုများသည် အဆိုပါပြဿနာများကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း အီလွန်မက်စ်အဖွဲ့က သုံးသပ်ထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ် ရွေးကောက်ပွဲတွင် Make America Great Again ကြွေးကြော်သံဖြင့် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အပြတ်အသတ် ပြန်လည် အနိုင်ရရှိခဲ့သည်။

အီလွန်မက်စ်ကို အမေရိကန် အစိုးရဘတ်ဂျက်များ လျှော့ချရေးနှင့် အစိုးရလုပ်ငန်းစဉ်များ ထိရောက်ရေးအတွက် အစိုးရလုပ်ငန်းစဉ်များ စိစစ်ရေးဌာန၏ အကြီးအကဲအဖြစ် ထရမ့်အစိုးရအဖွဲ့က ခန့်အပ်ထားခြင်းဖြစ်သည်။

အီလွန်မက်စ်သည် ထရမ့်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဒေါ်လာ မီလျံ ၁၀၀ သုံးခဲ့သည့်အပြင် ၎င်း၏ Space X ၊ Starlink ကုမ္ပဏီ များမှတစ်ဆင့် အစိုးရကြား ဘီလျံနှင့်ချီသည့် သဘောတူစာချုပ်များရှိနေသည့် အီလွန်မတ်စ်၏ ဘတ်ဂျက်ဖြတ်တောက် ရေးကြိုးပမ်းမှုမှာ ထူးခြားသည့်ဩဇာညောင်းမှုရှိလာခြင်းဖြစ်သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ