Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

(မြန်မာစစ်တပ်က ထိုင်းရေလုပ်သား ၃၁ ဦးကို ဖမ်းဆီးထား)

ထိုင်းရေပိုင်နက်အတွင်း ငါးဖမ်းနေသော ထိုင်းငါးဖမ်းစက်လှေ ၃ စီးကို မြန်မာစစ်သင်္ဘောများက ပစ်ခတ်ဖမ်းဆီး၍ ထိုင်းရေလုပ်သား ၁ ဦးသေဆုံးပြီး ၃၁ ဦးမှာ ဖမ်းဆီးခံထားရကြောင်း ထိုင်းသတင်းဌာန The Nation က ဖော်ပြသည်။

ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်စောစောပိုင်း ထိုင်းရေပိုင်နက်အတွင်း သွားလာနေသော ထိုင်းငါးဖမ်းစက်လှေ ၃ စီးကို မြန်မာစစ်သင်္ဘောများက ပစ်ခတ်ဖမ်းဆီးသွားသည်ဟု သိရသည်။

လတ်တလော သတင်းများအရ မြန်မာစစ်တပ်က ထိုင်းငါးဖမ်းစက်လှေ နှစ်စင်းကို မြန်မာရေပိုင်နက်အတွင်းသို့ ဖမ်းဆီးသွားပြီး သင်္ဘောသား နှစ်ဦးမှာလည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းကဖော်ပြသည်။

ယနေ့ နံနက် ၃ နာရီ ၃၀ မိနစ်အချိန် ထိုင်းကင်းလှည့်ရေယာဉ်က အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာပြီး ဒဏ်ရာရသူများကို ရနောင်းမြို့သို့ ပို့ဆောင်ခဲ့ကြောင်း၊ ဒဏ်ရာရသူများကို ဆေးကုသပေးလျက်ရှိကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။

ယင်းအပြင် ထိုင်းငါးဖမ်းလှေမှ သင်္ဘောသားတချို့မှာ သင်္ဘောပေါ်က ခုန်ချလွတ်မြောက်ခဲ့ကြောင်းနှင့် တစ်ဦးမှာ ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

မြန်မာစစ်သင်္ဘောများ ဖမ်းဆီးသွားသော ၃၁ ဦးထဲတွင် ထိုင်းနိုင်ငံသား ၄ ဦးနှင့် မြန်မာနိုင်ငံသား ၂၇ ဦးပါဝင်ကြောင်း The Nation သတင်းက ဖော်ပြသည်။

ထိုင်းအာဏာပိုင်များက ထိုင်းရေပိုင်နက်အတွင်း မြန်မာကင်းလှည့်ရေယာဉ်က ကျူးကျော်ဝင်ရောက်မှုနှင့် နောက်ဆက်တွဲ ထိုင်းလှေများကို ဖမ်းဆီးသွားခြင်းကို တရားဝင် ကန့်ကွက်ထားကြောင်းနှင့် ဖမ်းဆီးခံထားရသော ငါးဖမ်းသမားများ လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ