Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၂၀၂၄ နိုဝင်ဘာလအတွင်း တရုတ်ခရီးစဉ်မှာ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်တို့ တွေ့ဆုံခဲ့ကြသည့်ပုံနှင့် မြန်မာစစ်သင်္ဘောများ ပစ်ခတ်၍ ထိခိုက်ဒဏ်ရာရရှိသူများကို ထိုင်းကယ်ဆယ်ရေးအဖွဲ့များက ကူညီပေးနေကြစဉ်။

(မြန်မာရေတပ်၏ လုပ်ရပ်အပေါ် ကန့်ကွက်ကြောင်းနှင့် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် တောင်းဆို)

ထိုင်းငါးဖမ်းစက်လှေများကို မြန်မာစစ်သင်္ဘောက ပစ်ခတ်ဖမ်းဆီးကို ထိုင်းဝန်ကြီးချုပ် ပေထုန်တန်က ကန့်ကွက်ပြောဆိုပြီး ရှင်းလင်းချက်ပေးရန် စစ်ကောင်စီ ထိုင်းသံအမတ်ကို ဆင့်ခေါ်တောင်းဆိုထားကြောင်း သိရသည်။

နိုတင်ဘာလ ၃၀ ရက်က မြန်မာစစ်သင်္ဘောများက ထိုင်းငါးဖမ်းစက်လှေများကို ပစ်ခတ်ဖမ်းဆီးစဉ် ထိုင်းရေလုပ်သား ၁ ဦးသေဆုံးကာ ၂ ဦးမှာ ဒဏ်ရာရရှိသွားကြောင်းနှင့် ၃၁ ဦးမှာ ဖမ််းဆီးခံထားရသည်။

ဖမ်းဆီးသွားသော ထိုင်းရေလုပ်သား ၃၁ ဦးထဲတွင် ထိုင်းနိုင်ငံသား ၄ ဦးနှင့် မြန်မာနိုင်ငံသား ၂၇ ဦးပါပြီး ထိုင်းနိုင်ငံသားများကို အမြန်ဆုံးပြန်လွှတ်ပေးရန် စစ်ကောင်စီ သံအမတ်ကို ထိုင်းဝန်ကြီးချုပ်က တောင်းဆိုထားသည်။

မြန်မာစစ်သင်္ဘောများက မြန်မာ့ရေပိုင်နက်သို့ ဝင်ရောက်ကျူးကျော်ကာ ထိုင်းငါးဖက်စက်လှေများက ငါးဖမ်းနေသည်ဟုဆိုကာ ပစ်ခတ်ဖမ်းဆီးခြင်းဖြစ်သည်ဟု စစ်ကောင်စီဘက်က ပြောဆိုထားသော်လည်း ထိုင်းဝန်ကြီးချုပ်က လက်မခံပေ။

“ထိုင်းငါးဖမ်းလှေတွေက မြန်မာရေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်လာသလား” ဟု သတင်းထောက်များက မေးမြန်းရာမှာ ထိုင်းဝန်ကြီးချုပ်က ” မြန်မာရေပိုင်နက် ကျူးကျော်သည်ဟုဆိုသည်မှာ ခိုင်လုံမှုမရှိကြောင်း၊ မည်သည့်အခြေအနေတွင်ဖြစ်စေ အကြမ်းဖက်မှုကို မထောက်ခံပါဘူး” ဟု ဖြေကြားသည်။

ထိုင်းကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က မြန်မာစစ်တပ်၏ အင်အား အသုံးပြုမှုကို ကန့်ကွက်သည့် စာတစ်စောင် ပေးပို့ခဲ့ပြီး ဖြစ်ပျက်ခဲ့သည်နှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားခဲ့ကာ ဖမ်းဆီးထားသော ထိုင်းလှေနှင့် အမှုထမ်းများကို အမြန် ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa ကလည်း မြန်မာစစ်ကောင်စီထံသို့ စိုးရိမ်ကြောင်း စာတစ်စောင် ပေးပို့လိုက်ပြီး ဖမ်းဆီးထားသော ထိုင်းနိုင်ငံသား ၄ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုထားကြောင်း သိရသည်။

Ref: ရိုက်တာ

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ