Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့က ဆိုးလ်မြို့ရှိ အမျိုးသားလွှတ်တော်ရှေ့တွင် သမ္မတ Yoon Suk Yeol ရာထူးမှဆင်းပေးရန် အတိုက်အခံ ဒီမိုကရက်တစ်ပါတီ၏ခေါင်းဆောင် Park Chan-dae မိန့်ခွန်းပြောနေစဉ်။

စစ်အုပ်ချုပ်ရေးကြေညာခဲ့သည့် တောင်ကိုရီးယားသမ္မတ Yoon Suk Yeol သမ္မတရာထူးက ချင်းချင်းနုတ်ထွက်သွားရန် အဓိက အတိုက်အခံ ဒီမိုကရက်တစ်ပါတီ DP က တောင်းဆိုလိုက်သည်။

ယမန်နေ့ ဒီဇင်ဘာလ ၃ ရက် ညနေက တောင်ကိုရီးယားသမ္မတမှာ အရေးပေါ်စစ်အုပ်ချုပ်ရေး ကြေညာခဲ့သော်လည်း အမျိုးသားလွှတ်တော်အမတ်များက မဲခွဲဆုံးဖြတ်ကာ စစ်အုပ်ချုပ်ရေးပယ်ဖျက်ခဲ့ပြီးနောက် သမ္မတကလည်း စစ်အုပ်ချုပ်ရေးကို ပြန်လည်ရုတ်သိမ်းခဲ့ရသည်။

ထိုကြောင့် လက်ရှိ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol အနေဖြင့် ကိုယ်ပိုင်ဆန္ဒ နုတ်ထွက်ခြင်းမပြုပါက စွပ်စွဲပြစ်တင်ခြင်းလုပ်ငန်းစဉ်များကို ချက်ချင်းစတင်ဆောင်ရွက်သွားမည်ဟု အတိုက်အခံပါတီ DP ဖက်က သဘောထားထုတ်ပြန်ထားသည်။

Yoon ၏ စစ်အုပ်ချုပ်ရေးကြေညာမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရှင်းရှင်းလင်းလင်း ချိုးဖောက်ခြင်းဖြစ်သည်” ဟု DP က ပြောသည်။

“သမ္မတ စစ်အုပ်ချုပ်ရေးကြေညာချက်ဆိုင်ရာ ပြဌာန်းထားတဲ့ ဥပဒေတွေချိုးဖောက်ခဲ့တာဖြစ်လို့ ဒါဟာ ထင်ရှားတဲ့ နိုင်ငံတော် ပုန်ကန်မှုလည်းဖြစ်တယ်” ဟု လွှတ်တော် အရေးပေါ်အစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် DP တာဝန်ရှိသူများက ဆိုသည်။

အရေးပေါ် အစည်းအဝေးမှာ လွှတ်တော်က စစ်အုပ်ချုပ်ရေး ပြန်လည်ရုပ်သိမ်းရန် မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် နာရီပိုင်းအကြာမှာပဲ တောင်ကိုရီးယားသမ္မတရုံးက ဝန်ထမ်းအရာရှိချုပ်နှင့် အမျိုးသားလုံခြုံရေးအကြံပေးတို့ အပါအဝင် ဝန်ထမ်းအကြီး ၁၀ ဦးနုတ်ထွက်ခဲ့ကြောင်း သိရသည်။

သမ္မတက ဥပဒေချိုးဖောက်ပြီး စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်းမှာ ၎င်းတို့ တာဝန်မကင်းဟု ခံစားရခြင်းကြောင့် ဝန်ထမ်းအကြီးအကဲများက ယခုလို နုတ်ထွက်စာတင်ရခြင်းဖြစ်သည်ဟု တောင်ကိုရီးယား သတင်းများက ဖော်ပြကြသည်။

လက်ရှိ တောင်ကိုရီးယား သမ္မတ Yoon Suk Yeol အနေဖြင့် ၎င်း၏ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ရခြင်းသည် အတိုက်အခံ ပါတီနှင့် လွှတ်တော်အမတ်များက မြောက်ကိုရီးယားကို အားပေးနေသလို ၎င်းတို့အစိုးရအဖွဲ့ အုပ်ချုပ်၍မရအောင် လုပ်ဆောင်နေခြင်းကြောင့် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုထားသည်။

Ref: Yonhap News Agency

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ