Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

(တက္ကနပ် ဒေသခံ ငါးဖမ်းသမားများကို နယ်စပ်ဧရိယာနှင့် ဝေးဝေးနေရန်နှင့် ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့သည် Jaliar ကျွန်းမှ St Martin’s ကျွန်းအထိ စောင့်ကြည့်နေ)

ရခိုင်ပြည် မောင်တောမြို့ကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားသည့် သတင်းများကြောင့် ဘင်္ဂလားဒေ့ရှ် ကော့ဘဇားမြို့နယ် တက္ကနဖ် အူဇီလာမှာ နယ်စပ်လုံခြုံရေးကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က တင်းတင်းကျပ်ကျပ် ချထားလိုက်သည်။

မောင်တောမြို့သည် ကော့ဘဇားမြို့နယ် တက္ကနပ်မြို့နယ် Jaliapara ၏ အရှေ့တောင်ဘက်တွင် တည်ရှိပြီး အာရက္ခတပ်တော် AA သည် မောင်တောမြို့ကိုသိမ်းပိုက်ပြီးနောက် ရေကြောင်းခရီးသွားလာခွင့်ကို အကန့်အသတ်မရှိ ပိတ်ပင်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးလွတ်မြောက်နေ၍ AA က ယင်းကဲ့သို့ ပိတ်ပင်ခြင်းနှင့် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်ကလည်း ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများနှင့် သင်္ဘောများအားလုံး နတ်မြစ်အတွင်း ရခိုင်ရေပြင်တွင် သွားလာခွင့်ရှောင်ရှားရန် သတိပေးထားသည်။

သတိပေးတုန့်ပြန်သည့်အနေဖြင့် ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) တို့သည် နယ်စပ်၏ ကုန်းကြောင်းနှင့် ရေလမ်းကြောင်းတစ်လျှောက် ကင်းလှည့်မှုများကို အရှိန်မြှင့် လုပ်ဆောင်နေသည်။

Teknaf Upazila Nirbahi (UNO) အရာရှိ Sheikh Ehsan Uddin က ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများနှင့် အခြားရေယာဉ်များကို နယ်စပ်ဧရိယာနှင့် ဝေးဝေးမှာနေရန် သတိပေးသည့် ကြေညာချက်များ ထုတ်ထားကြောင်း ပြောဆိုထားသည်။

“တက္ကနတ်မြို့အနီးမှာ မြန်မာစစ်တပ် (စစ်ကောင်စီ) နဲ့ အာရက္ခတပ်တော် AA တို့ လအတန်ကြာ တိုက်ပွဲများဖြစ်ပွားခဲ့ကြတယ်။ အခုအခါ AA ဟာ မြန်မာနိုင်ငံ နယ်နိမိတ်ချင်းထိစပ်နေတဲ့ နယ်မြေတွေကို အပြည့်အဝ ထိန်းချုပ်နိုင်နေပြီကို သိရတယ်။ ဒေသခံ ငါးဖမ်းသမားတွေအနေနဲ့ သတိထားသွားလာကြဖို့ လိုအပ်တယ်” ဟု အသိပေး နှိုးဆော်ထားသည်။

နတ်မြစ်နယ်နိမိတ်သည် အလွန်အမင်း မငြိမ်မသက်ဖြစ်လာပြီး အဆိုပါဧရိယာကို ရှောင်ရှားရန် အရေးကြီးကြောင်း UNO က အလေးပေးပြောကြားနေသည်။

ဘင်္ဂလားဒေ့ရှ် BGB နှင့် ကမ်းရိုးတန်းစောင့်တပ်တို့သည် နယ်စပ်ဖြတ်ကျော် ကျူးကျော်ဝင်ရောက်မှုများကို တားဆီးရန်အတွက် ကင်းလှည့်မှုများ တိုးမြှင့်ထားကြောင်းလည်း UNO အရာရှိက ဆိုသည်။

မောင်တောဒေသက AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲများမှ ထွက်ပေါ်လာသော ပြင်းထန်သော ပေါက်ကွဲသံများသည် ဘင်္ဂလားဒေ့ရှ်နယ်စပ် နတ်မြစ်တစ်ဖက်က ဒေသခံများကို ထိလန့်စေခဲ့ကြောင်း သိရသည်။

စစ်တကောင်းရှိ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းစောင့်တပ်မှ ဒုတိယဗိုလ်ချုပ်ကြီး Shoaib Bikash က လည်း နတ်မြစ်အတွင်း သင်္ဘောသွားလာမှုအပေါ် ကန့်သတ်ထားကြောင်း ပြောသည်။

“ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်ထဲကို ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုပါဘူး။ ကျွန်တော်တို့ရဲ့ ကင်းလှည့်မှုတွေကို Jaliar ကျွန်းကနေ St. Martin’s ကျွန်းအထိ လုပ်ဆောင်နေပြီး တံငါသည်တွေကို နယ်စပ်ဖြတ်မကူးဖို့ ညွှန်ကြားထားပါတယ်” ဟု ၎င်းက ဆိုသည်။

ရေလုပ်သားများကို နယ်စပ်ဖြတ်ကျော်ခြင်းမပြုရန် ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း အတိအလင်း ညွှန်ကြားထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

Teknaf-2 BGB ၏ ယာယီတပ်မှူး ဗိုလ်မှူး Syed Ishtiaq Murshed ကလည်း ရခိုင်ပြည်အတွင်း ဆိုးရွားလာသော အခြေအနေများကြောင့် အန္တရာယ်များသော နယ်စပ်ဒေသများတွင် ကင်းလှည့်မှုများ အရှိန်မြှင့် လုပ်ဆောင်ထားသည်ဟု ပြောသည်။

တစ်ဖက်မှာလည်း ရခိုင်ဘက်က မွတ်ဆလင်များ ဘင်္ဂလားဒေ့ရှ်ကို စိမ့်ဝင်မှုမရှိစေရန် BGB တပ်ဖွဲ့ဝင်များသည် နတ်မြစ်နှင့် ကုန်းမြေဧရိယာများတွင် လုံခြုံရေးတပ်လှန့်ထားကြောင်း သိရသည်။

Ref: dhakatribune

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ