Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - တောင်ကိုရီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဟောင်း (ဓါတ်ပုံ - ရိုက်တာ)

စစ်အုပ်ချုပ်ရေးအမိန့်မှာ သမ္မတနှင့်အတူ ပါဝင်ခဲ့သည့် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဟောင်း မိမိကိုယ်ကို သတ်သေရန် ကြံစည်ကြိုးပမ်းခဲ့ကြောင်း သိရသည်။

ကာကွယ်ရေးဝန်ကြီးဟောင်း Kim Yong-hyun သည် ဆူပူသောင်းကျန်းမှု စွဲချက်ဖြင့် ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရစဉ် သူ့အသက်ကို သတ်ရန် ကြိုးပမ်းခဲ့သော်လည်း လက်ရှိအခြေအနေမှာ တည်ငြိမ်နေကြောင်း တရားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ပြောကြားထားသည်။

Kim သည် ဆိုးလ်အရှေ့ပိုင်းရှိ Dongbu ထိန်းသိမ်းရေးစင်တာရှိ ရေချိုးခန်းအတွင်း အတွင်းခံအဝတ်အစားများ ချည်နှောင်ထားသည့် ကြိုးဖြင့် မိမိကိုယ်ကို ကြိုးဆွဲချရန် ကြိုးစားနေသည်ကို တွေ့ရှိခဲ့ရသည်။

“ဆေးဘက်ဆိုင်ရာအဖွဲ့ရဲ့ ကုသမှုက သူဟာ ပုံမှန်မဟုတ်တဲ့ အခြေအနေမှာ တည်ငြိမ်နေတယ်ဆိုတာကို ပြသခဲ့ပြီး လက်ရှိမှာတော့ ပုံမှန်အခြေအနေအောက်မှာပဲ ထိန်းသိမ်းထားပါတယ်။” ဟု ပြောသည်။

တောင်ကိုရီးယား သမ္မတ Yoon Suk Yeol တော်လှန်ပုန်ကန်မှုတွင် ကူညီပေးခဲ့သော စွဲချက်ဖြင့် ကင်အား တရားဝင် ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်သည်။

ထိုအချိန်က ကာကွယ်ရေးဝန်ကြီး ကင် သည် သမ္မတ ယွန်အား စစ်အုပ်ချုပ်ရေးကြေညာရန် အဆိုပြုခဲ့ကြောင်း သံသယရှိကာ အမျိုးသားလွှတ်တော်ဝင်းနှင့် အမျိုးသားရွေးကောက်ပွဲ ကော်မရှင်ရုံးချုပ်တို့တွင် တပ်များချထားရန် အမိန့်ပေးခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယား ဥပဒေအရ ပုန်ကန်ရန်ကြံစည်မှုတွင် ပါဝင်သူများကို သေဒဏ်၊ ထောင်ဒဏ်တစ်သက် သို့မဟုတ် အနည်းဆုံး ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်နိုင်ကြောင်း သိရသည်။

တောင်ကိုရီးယား ပြုပြင်ရေးဆိုင်ရာ ကော်မရှင်နာချုပ် Shin Yong-hae က ပါလီမန် ဥပဒေပြုရေး ကော်မတီ အစည်းအဝေးတွင် ကင် သည် ၎င်း၏ အသက်ကို သတ်ရန် ကြိုးပမ်းပြီးနောက် အကာအကွယ် အကျဉ်းခန်းတွင် ထိန်းသိမ်းထားကြောင်း ပြောကြားခဲ့သည်။

ကော်မတီကို ဦးဆောင်နေသည့် အဓိက အတိုက်အခံ ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ် Jung Chung-rai က ကာကွယ်ရေးဝန်ကြီးသည် တော်လှန်ပုန်ကန်မှုတွင် ယွန်ကို ပစ်မှတ်ထားခြင်းမဟုတ်ဘဲ သူ့ကို ပစ်မှတ်ထားသည်ဟု ယူဆပြီးနောက် လွန်ကဲသော စဉ်းစားမှုကို တွေးခေါ်၍ မိမိကိုယ်ကို သတ်ရန် စီစဉ်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။

တရားရေးဝန်ကြီး Park Sung-jae ကမူ အဆိုပါ အယူအဆကို ပယ်ချခဲ့သည်။

“ကျနော်တော့ မထင်ပါဘူး။ အချက်အလက်တွေ မရှိသေးပေမယ့် သတ်သေဖို့ကြိုးစားတဲ့ သူတစ်ယောက်ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်တယ်” ဟု ဟု အစည်းအဝေးတွင် ပြောကြားခဲ့သည်။

Ref: The Korea Times

ဆက်စပ်သတင်းများ