Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

အာဏာသိမ်း စစ်ကောင်စီ စစ်ရာဇဝတ်မှု နေ့စဉ်ကျူးလွန်နေသော စစ်လေယာဉ်များကို ထောက်ပံ့ပေးနေသေည့် တရုတ် Aviation Industry Corporation of China (AVIC) ကုမ္ပဏီနှင့် ဆက်ဆံရေး အဆုံးသတ်ရန် Airbus ကုမ္ပဏီ CEO ထံသို့ မြန်မာတော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်း ၃၀၀ ကျော်က အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုခဲ့ကြောင်း သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့တာဝန်ရှိသူက ပြောကြားသည်။

AVIC ကုမ္ပဏီသည် စစ်ကောင်စီအတွက် စစ်လေယာဉ်များကို ရောင်းချခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းများကို ပြုလုပ်ပေးနေသည်။

မြန်မာနိုင်ငံသည် အီးယူ၏ စစ်လက်နက်ရောင်းချမှု ပိတ်ပင်ရေးပြဋ္ဌာန်းချက် ချမှတ်ခံထားရသည်။

Airbus ကုမ္ပဏီအနေဖြင့် စစ်တပ်၏ လက်နက်ပွဲစားကုမ္ပဏီကို ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုများပေးအပ်နေခြင်းနှင့် ဆက်ဆံနေခြင်းသည် အန္တရာယ်ကို ဖိတ်ခေါ်နေခြင်းဖြစ်ကြောင်း အိတ်ဖွင့်ပေးစာက ဆိုသည်။

Airbus ကုမ္ပဏီသည် တရုတ် AVIC ကုမ္ပဏီနှင့် ဘဏ္ဍာရေး၊ မဟာဗူဟာချိတ်ဆက်မှုများ မှတစ်ဆင့် ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုကြီးများကို အားပေးကူညီခြင်း မရှိစေရန် ဂရုပြုရမည်ဖြစ်ကြောင်း အိတ်ဖွင့်ပေးစာတွင် ထောက်ပြထေားသည်။

လက်ရှိ အချိန်တွင် Airbus ကုမ္ပဏီက တရုတ် AVIC ကုမ္ပဏီ၏ ရှယ်ယာများကို ပိုင်ဆိုင်ထားပြီး ထိုသို့ ပိုင်ဆိုင်ထားမှုသည် စစ်လက်နက်ရောင်းချမှု ပိတ်ပင်ရေးပြဌာန်းချက်ကို ချိုးဖောက်ရာ ရောက်နိုင်ကြောင်း အရပ်ဘက်အဖွဲ့များက သတိပေးသည်။

ထို့ပြင် မြန်မာစစ်တပ်ထံ (စစ်ကောင်စီထံ) စစ်လေယာဉ်များ၊ စစ်လက်နက်များနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချနေခြင်းနှင့် ရောင်းချရန် စီစဉ်ထားမှုအားလုံးကို ရပ်တန့်စေရမည်ဖြစ်သည်။

AVIC ကုမ္ပဏီက မြန်မာ့လေတပ်၏ လေယာဉ်များအတွက် ပြုပြင်ထန်းသိမ်းရေး၊ လေ့ကျင့်သင်ကြားရေးနှင့် နည်းပညာအကူအညီအားလုံး ရပ်ဆိုင်းရေး Airbus ကုမ္ပဏီက လုပ်ဆောင်ပေးရန် တောင်းဆိုထားသည်။

စစ်ကောင်စီတပ်ကို ကူညီပေးနေသည့် AVIC အနေဖြင့် Airbus ကုမ္ပဏီ၏ နည်းပညာနှင့် ထုတ်ကုန်များ နည်းလမ်းများရရှိနေပြီး အဆိုပါ အချက်သည် AVIC ၏ စစ်ဘက်ဆိုင်ရာ ထုတ်လုပ်မှုများအတွက် အကျိုးကျေးဇူးများရှိခဲ့ကြောင်း သိရသည်။

ထို့အတွက် Airbus အနေဖြင့် AVIC အပါအဝင် ၎င်း၏ ကုမ္ပဏီခွဲများနှင့် ဆက်ဆံ ဆောင်ရွက်မှုမှန်သမျှ စိစစ်မှုများ တိုးမြှင့်လုပ်ဆောင့်သင့်ကာ အဆိုပါ စိစစ်မှုများကိုလည်း အများပြည်သူသို့ အသိပေး ထုတ်ပြန်သင့်ကြောင်း Airbus ထံသို့ အိတ်ဖွင့်ပေးစာတွင် တိုက်တွန်းထားသည်။

အကယ်၍ AVIC အနေဖြင့် မြန်မာစစ်အုပ်စုနှင့် စီးပွားရေးလုပ်ငန်းအားလုံးကို ရပ်ဆိုင်းရန် ငြင်းဆန်ပါက တရုတ် AVIC ထံမှ ရင်းနှီးမြှုပ်နှံမှုများကို Airbus ကုမ္ပဏီက တာဝန်ယူမှုရှိစွာဖြင့် ရုပ်သိမ်း၍ ဆက်ဆံရေးကို အဆုံးသတ်ရန် အရပ်ဘက်အဖွဲ့များက တညီတညွတ်တည်း တောင်းဆိုထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ