Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ရခိုင်က စစ်ရှောင်ပြည်သူများအား ကူညီထောက်ပံ့နေသော ယူအန်အဖွဲ့အစည်းနှင့် စစ်ရှောင်ပြည်သူများအား တွေ့ရစည်။ (ပုံဟောင်းများဖြစ်သည်)

ရခိုင်တွင် ဖုန်းလိုင်းပြတ်တောက်နေ၍ NGO/INGO များမှာ ဒေသတွင်းလုပ်ငန်း လည်ပတ်နိုင်မှုများ များစွာခက်ခဲလျှက်ရှိနေကြသည်ဟု NGO အသိုင်းအဝန်းမှ သိရသည်။

ရခိုင်တွင် ဒေသတွင်းလည်ပတ်နေသည့် န်ိုင်ငံတကာအဖွဲ့စည်းပေါင်း ၂၀ ကျော်ခန့်ရှိပြီး အဆိုပါအဖွဲ့စည်းများမှာ ဒေသတွင်းကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးရေး၊ ကျေးလက်ဖွံ့ဖြိုးရေး၊ လူမှုဖူလုံရေး စသည့်အရာများအတွက် ထောက်ပံ့ကူညီရေးများ လုပ်ဆောင်လျှက်ရှိနေခြင်းဖြစ်သည်။

လက်ရှိတွင်မူ ဒေသတွင်းဖုန်းလိုင်းမရရှိမှုများကြောင့် အဆိုပါ ထောက်ပံ့ကူညီရေးလုပ်ငန်းစဉ်များမှာ လုပ်ဆောင်နိုင်ရန် ခက်ခဲလျှက်ရှိနေကြရသည်ဟု စစ်ဘေးရှောင်များအား ကူညီထောက်ပံ့နေသူ NGO ဝန်ထမ်းတစ်ဦးက ပြောသည်။

“အခက်ခဲဆိုတာထက် ဘယ်လို အလုပ်လုပ်ရမယ်မှန်းကို မသိတော့တာပါ။ အရင်က ဖုန်းလိုင်းရတော့ နည်းနည်းအဆင်ပြေပါသေးတယ်။ အခုက အလုပ်ကလူတွေ အချင်းချင်းရော နယ်ဖက်ကလူတွေနဲ့ရော အဆက်သွယ်မရတော့ ထောက်ပံ့ရေးလုပ်ငန်းတွေက အလုပ်ကမဖြစ်ဘူးဖြစ်နေတယ်။ ဒီလိုအလုပ်မဖြစ်တော့ အဓိက အကျိုးခံစားခွင့်ရှိသူတွေကပဲ နစ်နာတာပါ” ဟု ပြောသည်။

တိုက်ပွဲများကြောင့် ဒေသဖွံ့ဖြို့ရေးနှင့် လူသားချင်းစာနာထောက်ထားရေးအကူညီများ အဓိက လိုအပ်လျှက်ရှိသေးသည့် ကာလတွင် အဆိုပါ လုပ်ငန်းစဉ်များအတွက် ထောက်ပံ့ကူညီရေးများ လုပ်ဆောင်နေသည့် နိုင်ငံတကာအဖွဲ့အစည်းများ လုပ်ငန်းလည်ပတ်နိုင်မှုအားနည်းနေပြီး ဒေသတွင်းအကျပ်တည်းများလည်း ပိုဖြစ်လျှက်ရှိနေကြကြောင်း တွေ့ရသည်။

ဒေသတွင်းကျန်းမာရေးနှင့်ပတ်သက်၍ ထောက်ပံ့ကူညီရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ကိုင်နေသည့် NGO ဝန်ထမ်းတစ်ဦးကလည်း ဖုန်းလိုင်းပြတ်တောက်နေစဉ်အတွင်း ထောက်ပံ့ကူညီရေးများအား ပုံမှန်လုပ်ဆောင်နိုင်ရန် ဒေသတာဝန်ရှိသူများ၏ အကူညီများလည်း လိုအပ်လျှက်ရှိနေသည်ဟု ဆိုသည်။

“ကျနော်တို့မှာ ဌာနအဆင့်ဆင့်ဆက်သွယ်လို့ လုပ်ရတာများတော့ ဖုန်းလိုင်းမရရင် အလုပ်မဖြစ်ဘူး။ ပရိုဂျက်တချို့လည်း ရပ်ထားရတယ်။ ကျနော်တို့ ဆက်သွယ်ရေးအတွက် ဒေသတာဝန်ရှိသူတွေဆီက အကူညီတချို့တော့ ရတာတွေရှိတယ်ပေါ့နော်။ ဒါပေမယ့် ကန့်သတ်ချက်တွေနဲ့ဖြစ်နေတော့ အလုပ်မဖြစ်တာများပါတယ်။ ဒါကြောင့် ကန့်သတ်ချက်တွေလျော့ချပြီး အကူညီပိုဖြစ်အောင် လုပ်ပေးရင်တော့ ပိုကောင်းပါမယ်” ဟုပြောသည်။

ရခိုင်က NGO/INGO များမှာ စစ်ကောင်စီတပ်နှင့် AA တို့ တကျော့ပြန်တိုက်ပွဲအတွင်း ဒေသတွင်းလုပ်ငန်း လည်ပတ်နိုင်မှုမှာ ၃ ပုံ ၁ ပုံခန့် ကျဆင်းသွားခဲ့ကြောင်း အဆိုပါအသိုင်းဝန်းမှသိရပြီး လက်ရှိဖုန်းလိုင်းပြတ်တောက်နေမှုအခြေနေတွင်မူ လုပ်ငန်းလည်ပတ်နိုင်မှုမှာ ပိုမိုခက်ခဲသည်အထိ ဖြစ်လာနေကြကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ