Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

(တောင်းရမ်းသူများအနက် ထိုင်းအမျိုးသမီးထံတွင် လက်ထဲ ငွေသား ဘတ် ၃ သိန်းကျော်နှင့် ဘဏ်အကောင့်ထဲတွင် ဘတ် ၁ သန်းကို တွေ့ရှိရ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဒီဇင်ဘာလ ၁၂ ရက်နေ့ညက တောင်းရမ်းစားသောက်သူ ၁၂ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ယင်းအထဲတွင် မြန်မာနိုင်ငံသား တစ်ဦးပါဝင်ကြောင်း သိရသည်။

အဆိုပါ တောင်းရမ်းသူ ၁၂ ဦးမှာ ထိုင်းနိုင်ငံသား ၈ ဦး၊ ကမ္ဘောဒီးယား ၂ ဦး၊ လာအို ၁ ဦးနှင့် မြန်မာနိုင်ငံသား ၁ ဦး ပါဝင်သည်။

တောင်းရမ်းသူများအနက် ထိုင်းနိုင်ငံသား အမျိုးသမီးတစ်ဦးသည် လက်ထဲရှိငွေသား ဘတ် ၃ သိန်းကျော်ကို ယူဆောင်လာပြီး သူမ၏ ဘဏ်အကောင့် စစ်ဆေးကြည့်ရာ ဘဏ်အကောင့်ထဲတွင် ဘတ် ၁ သန်းခန့်ရှိကြောင်းကို ထိုင်းအာဏာပိုင်များက တွေ့ရှိခဲ့ရသည်။

ဘန်ကောက်မြို့ Asok လမ်းဆုံမှ Nana ဧရိယာအထိ Sukhumvit လမ်းပေါ်တွင် တောင်းရမ်းစားသောက်သူ အများအပြားသောင်းကျန်းလာသဖြင့် နိုင်ငံ၏ ခရီးသွားလုပ်ငန်း ပုံရိပ်ကို ထိခိုက်စေကြောင်း တိုင်ကြားချက်အရ ထိုင်းအာဏာပိုင်များက စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထိုတိုင်ကြားချက်ကို ဘန်ကောက်မြို့က လူဝင်မှုကြီးကြပ်ရေး အရာရှိများ၊ Lumpini ရဲတပ်ဖွဲ့နှင့် လုံခြုံရေးနှင့်လူမှုဖူလုံရေးအရာရှိများ က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်းရမ်းစားသောက်သူများအား ဖမ်းဆီးရေး စစ်ဆင်ရေးကို လူဝင်မှုကြီးကြပ်ရေးဗျူရို၏ ဌာနခွဲ (၁) မှ လက်ထောက်အကြီးအကဲ Pol Lt Col Suriya Puangsombat နှင့် Bangkok Protection Center မှ ဒါရိုက်တာ Thapanee Sirisomboon တို့က ဦးဆောင်ခဲ့သည်။

အဆိုပါ စစ်ဆင်ရေးအတွင်း ထိုင်းနိုင်ငံသား ၈ ဦးနှင့် နိုင်ငံခြားသား ၄ ဦးကို ဖမ်းဆီးရမိခဲ့ပြီး နိုင်ငံခြားသား ၄ ဦးကို တရားမ၀င် ဝင်ရောက်မှုဖြင့် ထပ်မံတရားစွဲဆိုထားကြောင်း ဖမ်းဆီးရေးအဖွဲ့က ပြောသည်။

ထိုင်းအမျိုးသမီးထံ တွေ့ရသော ငွေသား ဘတ် ၃ သိန်းကျော်နှင့် ဘဏ်အကောင့်ထဲက ဘတ် ၁ သန်းခန့်မှာ တောင်းရမ်းစားသောက်ရာမှ ငွေများစုဆောင်းခဲ့ကြောင်း အာဏာပိုင်များကို ပြောကြားခဲ့သည်။

၎င်းတို့အားလုံးကို လုမ္ဗိနီ (Lumpini) ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ထားကြောင်း သိရသည်။

Ref: ဘန်ကောက်ပို့စ်

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ