Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နှင့် မြို့များ ဆက်တိုက်သိမ်းပိုက်နေသော အာရက္ခတပ်တော် AA ကို လက်နက်ကိုင်လမ်းစဉ် လွှတ်ပြီး လမ်းကြောင်းမှန်ပေါ်သို့လာရန် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုက်တွန်းနေသည်။

ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ ကျရောက်သော နှစ် ၅၀ ပြည့် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် အာဏာသိမ်း မြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုက်တွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်ခဲ့သည့် MNDAA, TNLA, AA တို့ကြောင့် ပြည်သူများ၏ လူမှုစီးပွားအခြေနေ ပိုမိုဆိုးရွာစေခဲ့ပြီး နိုင်ငံရေးကို အကြောင်းပြပြီး လွဲမှားသော အယူအဆများဖြင့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေကြခြင်းဖြစ်သာ ဖြစ်သည်ဟု မင်းအောင်လှိုင်က ပြောသည်။

ထိုကြောင့် ပါတီစုံဒီမိုရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရန်နှင့် လက်နက်ကိုင်နည်းလမ်းဖြင့် မိမိတို့လိုလားချက်ကို တောင်းဆို၍မရနိုင်ဘဲ နိုင်ငံရေးစားပွဲဝိုင်းသို့ရောက်လာပြီး ငြိမ်းချမ်းစွာဖြေရှင်းသောနည်းဖြင့်သာ ပဋိပက္ခများကို ပြေလည်စေမည်ဟု မင်းအောင်လှိုင်က ထပ်မံပြောဆိုထားသည်။

သို့သော်လည်း မြန်မာစစ်တပ်က နိုင်ငံ့အာဏာကို မတရားသိမ်းပိုက်ထားပြီး နိုင်ငံရေးတွင် ပါဝင်စွက်ဖက်နေ၍ မြန်မာပြည်သူလူထု၊ ဒီမိုကရေစီအင်အားစုများနှင့် တော်လှန်ရေးတပ်ဖွဲ့များက လက်မခံကြပေ။

အာရက္ခတပ်တော် AA သည် ရခိုင်ပြည်တွင် စစ်ကောင်စီ (မြန်မာစစ်တပ်) ကင်းစင်ရေးအတွက် နေ့စဉ်နှင့်အမျှ တိုက်ခိုက်နေပြီး မြို့များကို သိမ်းပိုက်နေသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ