Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ ဖွင့်လှစ်ထားသော အခမဲ့ပညာသင်ကြားရေးကျောင်းမှာ မပြည့်မစုံဖြင့် ပညာသင်ကြားနေကြသော စစ်ရှောင်ကလေးများအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - CJ)

ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်ကလေးငယ်များကို ဆက်လက် ပညာသင်ကြားနိုင်ရန် ငွေကြေးမလုံလောက်သည့် ခက်ခဲမှုများကို ရင်ဆိုင်နေရသည်ဟု အခမဲ့ပညာသင်ကြားပေးနေသော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ပြောသည်။

လင်းရောင်ခြည်ဖောင်ဒေးရှင်း၏ အခမဲ့ပညာသင်ကြားရေး အစီစဉ်ဖြင့် ပညာသင်ကြားလျှက်ရှိနေကြသည့် ပုဏ္ဏားကျွန်းဒေသက စစ်ဘေးရှောင်ကလေးငယ်များမှာ လက်ရှိထောက်ပံ့ရေးအခက်ခဲများကြောင့် ဆက်လက် ပညာသင်ကြားနိုင်ရန် အခက်အခဲဖြစ်နေကြခြင်းဖြစ်သည်။

တာဝန်ရှိသူတစ်ဦးက “စစ်ဘေးရှောင် ကလေးတွေကို ကျောင်း ၇ ကျောင်းခွဲပြီး အခမဲ့ပညာသင်ကြားရေး အစီစဉ်လုပ်ထားပါတယ်။ ပညာသင်ကြားရေးကာလ အစကနေ အခုချိန်ထိ ခက်ခက်ခဲခဲပဲ ရပ်တည်လာခဲ့ကြရတယ်ေပါ့နော်။ လက်ရှိမှာတော့ အခက်ခဲကပိုလာတယ်။ ငွေကြေးပိုင်းမလုံလောက်တော့တာတွေ ဖြစ်လာတဲ့အတွက် ကလေးတွေကို ဆက်လက်ပညာသင်ကြားပေးနိုင်ဖို့ အခက်ခဲရှိလာတာပါ” ဟု ပြောသည်။

လင်းရောင်းခြည်ဖောင်ဒေးရှင်းမှ ဦးစီး၍ ပုဏ္ဏားကျွန်းမြို့ဒေသတွင် စာသင်ဆောင်များဆောက်လုပ်ကာ စစ်ဘေးရှောင်ကလေးငယ် ၁၂၀၀ ကျော်ကို အခမဲ့ပညာသင်ကြားရေးနှင့် စိတ်ပိုင်းဆိုင်ရာထောက်ပံ့ရေး အကူညီးများပေးနေခြင်းဖြစ်သည်။

“အခု ကလေး ၁၂၀၀ ကျော်ကို ပညာသင်ပေးနေတဲ့ ဆရာ/ဆရာမ ၁၀ဝ ကျော်ရှိပါတယ်။ ဒီဆရာတွေထဲက ဝမ်းရေးအခက်ခဲရှိတဲ့ လူ ၁၀ ဂဏန်းလောက်ကိုပဲ ကျနော်တို့ မဖြစ်သလောက် လစာလေးပေးထားနိုင်တယ်။ ဒါက အခက်ခဲဖြစ်လာတယ်။ ဒီကာလမှာ ပိုက်ဆံမရဘဲ လုပ်နေရတာ ရေရှည်သူတို့အတွက် အဆင်မပြေပါဘူး။ နောက်တစ်ခုက ကျနော်တို့မှာ အခုရှိနေတဲ့ ဘက်ဂျက်က ဒီလကုန်အထိတောင် တောင့်ခံဖို့ မလွယ်တော့ဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့တို့မှ စစ်ဘေးရှောင်အဖြစ်ခိုလှုံနေသူ အများအပြားရှိပြီး ထိုသူများမှာ စားဝတ်နေရေးခက်ခဲကျပ်တည်းမှုအပြင် ကလေးငယ်များ ပညာရေးသင်ကြားရေးအတွက်ပါ အခက်ခဲများရှိနေကြခြင်းဖြစ်သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ