Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဓါတ်ပုံနှင့် ဗီဒီယို - သူရိန်

ရခိုင်ပြည်အတွင်း မွတ်ဆလင်ပြည်သူများက အာရက္ခနိုင်ငံတော် တေးသီချင်းကို စာသင်ကျောင်းများတွင် သီဆိုနေကြသည့် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်စာမျက်နှာတွင် ဒီဇင်ဘာလ ၂၄ ရက်နေ့ကစ၍ ပျံ့နှံ့လာသည်။

စုံစမ်းချက်အရ ဘူးသီးတောင်၊ မောင်တောဒေသက မွတ်ဆလင်စာသင်ကျောင်းများတွင် အာရက္ခနိုင်ငံတော် သီချင်းကို ဆိုနေကြခြင်းဖြစ်သည်ဟု ရုပ်သံဖိုင်ကိုကြည့်ရှုထားသူတစ်ဦးက ခန့်မှန်းပြောသည်။

အာရက္ခတပ်တော် AA က ထိန်းချုပ်သိမ်းပိုက်ထားသော မြို့နယ်များတွင် အာရက္ခပညာရေးစနစ်ကို အကောင်အထည်နေပြီဖြစ်ကြောင်း ပြီးခဲ့သည့် လကတည်းက Western News သတင်းဌာနအား ရခိုင့်ပညာရေးအသိုင်းအဝိုင်းက ပြောဆိုထားသည်။

ရုပ်သံဖိုင်ကြည့်ရှုထားသူ ရခိုင်ဒေသတစ်ဦးက “မွတ်ဆလင်တွေ အာရက္ခနိုင်ငံတော် သီချင်းကို ဆိုနေတဲ့ မြင်ကွင်းက တော်တော်လေးကို ကြည်နူးစရာကောင်းပါတယ်။ ဒီလို အေးအေး ချမ်းချမ်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စည်းစည်းလုံးလုံး မြင်ရတော့ တကယ်ဝမ်းသာရပါတယ်။ ရခိုင်ပြည်မှာနေကြတဲ့သူတွေ တန်းတူအခွင့်အရေးတွေ ရတာမြင်ရတော့ တကယ်ဝမ်းသာရပါတယ်” ဟု ပြောသည်။

အာရက္ခနိုင်ငံတော် သီချင်းသည် ရခိုင်ပြည်မှာ နေထိုင်ကြသော လူမျိုးတိုင်းအတွက် အမျိုးသားရေးသီချင်းတစ်ပုဒ်ဖြစ်ပြီး ULA/AA အစိုးရက ဖန်တီထားသော နိုင်ငံတော်သီချင်းတစ်ပုဒ်လည်းဖြစ်သည်။

မွတ်ဆလင်ပြည်သူများ အာရက္ခနိုင်ငံတော် သီချင်းအား သီဆိုနေကြသည့်ရုပ်သံဖိုင်အား အောက်ပါ ယူကျူးလင့်တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

>>> https://youtu.be/0AyUBJJ7MeI

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ