ထိုင်းနိုင်ငံ၊ ဘန်ကောက်မှ တောင်ကိုရီးယားသို့ ပျံသန်းလာသော Jeju လေ ကြောင်းလိုင်းမှ ပြေးလမ်းခြံစည်းရိုးနှင့် တိုက်ကာ ပေါက်ကွဲမှုကြောင့် ခရီးသည် အနည်းဆုံး ၂၈ ဦးသေဆုံးခဲ့ကြောင်း ကနဦး သတင်းအရ သိရသည်။
ဒီဇင်ဘာ ၂၉ ရက်နေ့ ယနေ့ နံနက်ပိုင်း Jeju လေကြောင်းလိုင်း၏ Boeing 737-800 လေယာဉ်၊ လေယာဉ်အမှတ် 7C2216 သည် တောင်ကိုရီးယားနိုင်ငံ၊ Muan အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေယာဉ်ဘီးများ ချမရဘဲ ဆင်းသက်လာစဉ် ပြေးလမ်းအဆုံး ခြံစည်းရိုးနံရံနှင့် တိုက်မိခဲ့သည်။
လေယာဉ်မှာ ပေါက်ကွဲ မီးလောင်ခဲ့ပြီး လတ်တလော ခရီးသည် ၂၈ ဦးသေဆုံးပြီး ၂ ဦး အသက်ရှင်လျက် ကယ်ဆယ်နိုင်ကာ မီးသတ်ကားများက သွားရောက် ငြိမ်းသက်နေဆဲဖြစ်ကြောင်း ကိုရီးယား သတင်းများက ဆိုသည်။
လေယာဉ်ပေါက်ကွဲမှုကြောင့် လက်ရှိတွင် လေဆိပ်ကို ပိတ်ထားပြီး ကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေး လုပ် ငန်းများကို တောင်ကိုရီးယား အာဏာပိုင်များက ဆောင်ရွက်လျက်ရှိကြောင်း ဒေသသတင်းဌာနက ရေးသားထားသည်။
အဆိုပါ လေယာဉ်တွင် လေယာဉ်တွင် ခရီးသည် ၁၇၅ ဦးနှင့် လေယာဉ်အမှုထမ်း ၆ ဦးလိုက်ပါလာပြီး သေဆုံးသူ ယခုထက် မြင့်တက်လာနိုင်ကြောင်း ကိုရီးယား သတင်းများက ရေးသားကြသည်။