Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

အာဏာသိမ်း စစ်ကောင်စီနှင့် နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ယနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန် ကြေညာလာသည်။

ထုတ်ပြန်ချက်တွင် ULA/AA အနေဖြင့် လက်ရှိမြန်မာနိုင်ငံ၏ ပြည်တွင်းရေး အခင်းအကျင်း၊ အဖြစ်အပျက်များကို စစ်ရေးဖြင့် ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းများဖြင့်ဖြေရှင်းရန် အမြဲတမ်း အသင့်ရှိကြောင်း ရေးသားထားသည်။

AA သည် ရခိုင်လူထုတစ်ရပ်လုံး၏ ထောက်ခံမှုနှင့်အတူ ရခိုင်ဒေသအတွင်းနေ လူမျိုးပေါင်းစုံ၏ အမျိုးသားတန်းတူရေး၊ ဒေသတစ်ခုလုံး ဖိနှိပ်အုပ်ချုပ်သူတို့လက်အောက်မှ လွတ်မြောက်ရေးတို့အတွက် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

ရခိုင်ဒေသအတွက် အကျိုးစီးပွားဖြစ်ထွန်းသော၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော မည်သည့်နိုင်ငံခြားရင်နှီးမြှုပ်နှံမှုမျိုးကိုမဆို အသိအမှတ်ပြု ကြိုဆိုပြီး ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းများ၊ စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြသောသူများ၏ လုံခြုံရေး၊ အသက်အန္တရာယ်တို့ကို မိမိတို့အနေဖြင့် အထူးဂရုစိုက် ကာကွယ်စောင့်ရှောက်သွားမည်ဟု ဆိုသည်။

ထို့အပြင် လာရောက် ရင်းနှီးမြှုပ်နှံကြသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ စီမံကိန်းများ ဆက်လက်လည်ပတ်နိုင်ရေးအတွက် AA အဖွဲ့ အစည်းသည် ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်အပြင် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ကိုလည်း လိုလားကြောင်း ဆိုသည်။

ရခိုင်ဒေသနေ လူမျိုးပေါင်းစုံ လွတ်မြောက်ရေးကို အဓိကရည်ရွယ်ပြီး အဖိနှိပ်ခံမြန်မာပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး အတွက်လည်း တိုက်ရိုက် အထောက်အကူပြုမည်ဟု အကြွင်းမဲ့ ယုံကြည်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ