Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရခိုင်ပြည်အတွင်းက မွတ်ဆလင်များအပါအဝင် စစ်ဘေးရှောင်ပြည်သူများမှာ စစ်ပွဲကာလအတွင်း စိတ်ကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးများ ထိခိုက်နေ၍ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများ ပြုလုပ်ပေးရန် လိုအပ်နေကြောင်း ULA/AA အစိုးရ၏ HDCO က ပြောသည်။

ULA/AA အစိုးရအဖွဲ့၏ လူသားချင်းစာနာထောက်ပံ့ရေးရုံး HDCO က ရခိုင်ပြည်အတွင်း စစ်ရှောင်ပြည်သူ ၆ သိန်းကျော်ရှိကြောင်း ထုတ်ပြန်ထားပြီး ထိုစစ်ရှောင်များမှာ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရင်ဆိုင်ကြုံတွေ့လျက် ရှိသည်ဟု ဆိုသည်။

ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာလျက်ရှိသော စစ်ရှောင်ပြည်သူများကို HDCO က စိတ်ကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးဆိုင်ရာပံ့ပိုးမှု ( Mental Health and Psychosocial Support) အစီအမံများကို အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် လက်တွဲ၍ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများအဖြစ် လူမျိုးဘာသာမရွေး တပြေးညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

HDCO သည် စိတ်ကျန်းမာရေးနှင့် လူမှုဆက်ဆံရေးဆိုင်ရာ ပံ့ပိုးမှုအစီအစဉ်များကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက် မှ အောက်တိုဘာ ၃ ရက် အတွင်း ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ မောင်တောမြို့နယ်များအတွင်းရှိ ကျေးရွာ ၄၆ ရွာမှ လူဦးရေ ၃၃၇၅ ဦးကို ပြုလုပ်ပေးခဲ့သည်။

အမျိုးသား ၉၆၆ ဦးနှင့် အမျိုးသမီး ၂၃၇၉ ဦးတို့ပါဝင်ခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများ၊ နှစ်သိမ့်ဆွေးနွေးမှုများကို ပြုလုပ်ခဲ့ကြကြောင်းနှင့် လက်ရှိတွင်လည်း ဆက်လက်လုပ်ကိုင် ဆောင်ရွက်လျက်ရှိကြောင်း HDCO က ဆိုသည်။

အာရက္ခပြည်သူများ နေ့စဥ်ဘဝတွင် စိတ်ကျန်းမာရေးအသိအမြင်များ ဆက်လက်တိုးပွားနိုင်ရန်နှင့် စိတ်ကျန်းမာရေးဆိုင်ရာအယူအဆများကို လက်တွေ့ဘဝ၌ အသုံးချနိုင်ရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် သိတတ်နားလည်သော လူပုဂ္ဂိုလ်တဦးတယောက်ချင်းစီမှ အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ကူညီဖေးမ ပေးခြင်းများ၊ စိတ်လုံခြုံမှုဆိုင်ရာ အစီအမံများ ချမှတ် လုပ်ဆောင်ပေးကြရန်လည်း လိုအပ်လျက်ရှိကြောင်း ULA/AA ၏ HDCO က ထုတ်ပြန်အသိပေးထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ