Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - စစ်အာဏာသိမ်းမှုများအား ငြိမ်းချမ်းစွာ ဆန္ဒပြကြသည့် ပြည်သူလူထုအား မြန်မာစစ်တပ်နှင့် မြန်မာရဲတပ်ဖွဲ့က ရိုက်နှက်ဖမ်းဆီးနေသည့် မြင်ကွင်းများ။

မြန်မာစစ်တပ်က စစ်အာဏာသိမ်းကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဒေသများနှင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိ တိမ်းရှောင်နေကြသော ပြည်သူလူထုများအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လာနိုင်ကြောင်း စစ်ကောင်စီက ခေါ်ယူနေသည်။

ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့တွင် စစ်ကောင်စီက EAO နှင့် ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသူများအားလုံးကို မြန်မာနိုင်ငံသို့ ပြန်လာနိုင်ကြောင်း ခေါ်ယူနေခြင်းဖြစ်သည်။

၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံသားများမှာ EAO များတည်ရှိရာနေရာများနှင့် ပြည်ပနိုင်ငံများသို့ စိုးရိမ်စိတ်ဖြင့် တိမ်းရှောင်သွားကြသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

NLD ပါတီဝင်များ ထောက်ခံသူများ၊ CRPH နှင့် NUG တို့အပါအဝင် ပြည်တွင်း၊ ပြည်ပမှ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်မှု၊ ခြောက်လှန့်မှုတို့ကြောင့် စိုးရိမ်စိတ်နှင့် ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်ဟု စစ်ကောင်စီက စွပ်စွဲပြောဆိုထားသည်။

တိမ်းရှောင်နေသူများမှာ လုံခြုံရေးအာမခံ ချက်မရှိမှု၊ လူမှုစီးပွားဘဝ အဆင်မပြေ ခက်ခဲမှုတို့ဖြင့် ရင်ဆိုင်နေသည်ဟုလည်း စစ်ကောင်စီက ပြောဆိုထားပြီး မိမိတို့နေရပ်ဒေသများကို ပြန်လာနိုင်သည်ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။

မြန်မာစစ်တပ်အာဏာ သိမ်းယူထားသည့် ကာလအတွင်း တော်လှန်ရေးအဖွဲ့ အစည်းများ၏ လက်နက်ကိုင်လှုပ်ရှားမှုများမှာ ငွေကြေးအရဖြစ်စေ၊ အခြားနည်းလမ်းဖြင့်ဖြစ်စေ၊ နက်ရှိုင်းစွာ ကာယကံမြောက်ပါဝင်သူများမှအပ စိုးရိမ်စိတ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဝန်ထမ်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အခြားနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ နိုင်ငံသားများ သက်ညှာစွာစဉ်းစားပေးသွားမည်ဟု စစ်ကောင်စီက ပြောဆိုထားသည်။
နေရပ်ပြန်လာလိုသူများအနေဖြင့် သက်ဆိုင်ရာပြည်နယ်၊ ခရိုင်၊ မြို့နယ် စစ်ကောင်စီအဖွဲ့ဝင်များနှင့် စစ်ကောင်စီသံရုံးများကို ဆက်သွယ်နိုင်ကြောင်းလည်း ကြေညာထားသည်။

သို့သော်လည်း စစ်ကောင်စီသည် နိုင်ငံအနှံ့တွင် လေကြောင်းတိုက်ခိုက်မှု၊ ပြည်သူများအား အတင်းအဓမ္မစစ်မှုထမ်းခေါ်ဆောင်ခြင်းနှင့် မတရားဖမ်းဆီးထောင်ချခြင်းများကို ပြုလုပ်နေသည်။

တစ်ဖက်မှာလည်း စစ်ကောင်စီသည် ပြည်သူများကိုဖိနှိပ်သည့် ဥပဒေများကို ဆက်လက်ထုတ်ပြန်နေပြီး ပြည်သူများ၏ အင်တာနက်နှင့် လူမှုကွန်ရက်အသုံးပြုမှုများအား ကန့်သတ်ရန် VPN ဆော့ဝဲလ်ကို ကိုထိန်းချုပ်မည့် ဆိုက်ဘာဥပဒေကို ထုတ်ပြန်ထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ