Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - စစ်တွေအကျဉ်းထောင်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာကြသော ပြည်သူလူထုများ။ (ပုံဟောင်းဖြစ်သည်)

ယနေ့ ကျရောက်သည့် မြန်မာ့လွတ်လပ်ရေးနေ့တွင် အာဏာသိမ်း စစ်ကောင်စီက မတရားဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားအကျဉ်းသူများ၊ ဒီမိုကရေစီအင်အားစုများအပါအဝင် အကျဉ်းသား၊ အကျဉ်းသူ ၆၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း သိရသည်။

၅၈၆၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ပြီး ထောင်ဒဏ် တစ်သက်ကျခံနေရသူ ၁၄၄ ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်လျော့ပေါ့ပြီး ထောင်ဒဏ် ၁၅ နှစ်သို့ ပြောင်းလဲလိုက်သည်။

နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၈၀ ဦးကိုလည်း ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုကာ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း စစ်ကောင်စီက ကြေညာသည်။

ထို့ပြင် လက်နက်မှု၊ လူသတ်မှု၊ ပေါက်ကွဲမှု၊ အကြမ်းဖက်မှုများအပ ကျန် ပြစ်မှုများဖြင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားအကျဉ်းသူအားလုံးကို ပြစ်ဒဏ် ၆ ပုံ ၁ ပုံ လျှော့ပေါ့ခွင့်ပေးလိုက်ကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ