Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ကိုအောင်ပြည့်စုံဖြိုးနှင့် ဘဏ္ဍာရေးတာဝန်ခံ ကိုရှိုင်းဝဏ္ဏအောင်ကို ဗကသများအဖွဲ့ချုပ်ဘဏ္ဍာငွေအတွက် KTV ဖွင့်လှစ်ရှာဖွေ၍ ရာထူးမှ ထုတ်ပယ်ရေးယူလိုက်ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။

ဗကသများအဖွဲ့ချုပ်ဥက္ကဌအဖြစ် တာဝန်ယူထားသော ကိုအောင်ပြည့်စုံဖြိုးသည် ဗကသများအဖွဲ့ချုပ် ဘဏ္ဍာငွေ ရှာဖွေရန်ရည်ရွယ်ချက်ဖြင့် KTV လုပ်ငန်းဖွင့်လှစ်နိုင်ရန် ကြိုးပမ်းမှုတွင် ပါဝင်ခဲ့ကြောင်း စစ်ဆေးသိရှိရကြောင်း ဖော်ပြထားသည်။

အဆိုပါလုပ်ရပ်သည် ဗကသများ အဖွဲ့ချုပ်၏ စည်းမျဉ်းဥပဒေ၊ မူဝါဒစံနှုန်း၊ ဂုဏ်သိက္ခာကို ချိုးဖောက်ညှိုးနွမ်းစေ သည့်အတွက် ကိုအောင်ပြည့်စုံဖြိုးကို ဗကသများအဖွဲ့ချုပ် ဥက္ကဌ တာဝန်မှ ထုတ်ပယ်အရေးယူလိုက်ကြောင်း ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့က ဆိုသည်။

ကိုအောင်ပြည့်စုံဖြိုးအနေဖြင့် ဆက်စပ်ပတ်သတ်ခဲ့သည့် KTV လုပ်ငန်းပတ်သတ်မှုကိုလည်း တစ်ပါတည်း စွန့်ပယ်ရန် ဗကသများအဖွဲ့ချုပ်က ပြောဆိုထားသည်။

အဆိုပါလုပ်ငန်းမှ ရရှိလာမည့် ငွေကြေးအကျိုးအမြတ်ကိုလည်း ဗကသဘဏ္ဍာငွေအဖြစ် အသုံးပြုမည်မဟုတ်ကြောင်း ဗဟိုအမှုဆောင်အဖွဲ့က ပြောသည်။

တဆက်တည်း အဆိုပါကိစ္စတွင် ဆက်စပ်ပတ်သတ်ခဲ့သော ကိုရှိုင်းဝဏ္ဏအောင်ကိုလည်း ဗကသများအဖွဲ့ချုပ် – ဗဟိုစည်းရုံးရေး ကော်မတီ၊ ဘဏ္ဍာရေးတာဝန်ခံတာဝန်မှ ထုတ်ပယ်လိုက်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ