အာရက္ခတပ်တော် AA က သိမ်းပိုက်ထားသည့်မြို့နယ်များတွင် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများနှင့် မြို့သန့်ရှင်းရေး လုပ်ငန်းများကို အားသွန်ခွန်စိုက် လုပ်ဆောင်လျက်ရှိနေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများတွင် မီးလောင်ပျက်စီးသွားခဲ့သော နေအိမ်များကို အာရက္ခပြည်သူ့အစိုးရအဖွဲ့က ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။
လေကြောင်း ပစ်ခတ်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးခဲ့သည့် နေအိမ်ကို အဓိက ပြန်လည် တည်ဆောင်နေခြင်း ဖြစ်ပြီး မီးလောင်သွားသည့် နေအိမ်အချို့အတွက် တိုင်များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပလက်ဝဒေသ အပါအဝင် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ်၊ အမ်း၊ ဂွ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တောမြို့နယ်များကို ULA/AA က အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်သည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများနှင့် လေကြောင်း ဗုံးကြဲမှုအပါအဝင် မီးရှို့ ခံရသည့် နေအိမ်များ၊ အဆောက်အဦးများ မြို့နယ် ကျေးရွာများတွင် ထောင်နှင့်ချီ ရှိနေပြီး ပြန်လည် တည်ဆောက်ဖို့ အကူအညီများ လိုအပ်နေကြောင်း သိရသည်။