Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ကိုးကန့်တပ် MNDAA က ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်လိုက်သည်။

ကိုးကန့်တပ် MNDAA နှင့် အာဏာသိမ်း စစ်ကောင်စီ တပ်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘာတူညီချက် စာချုပ်ကို တရားဝင်လက်မှတ်ထိုးလိုက်ပြီဟု တရုတ်အစိုးရက ထုတ်ပြန်သည်။

လားရှိုးမြို့အပါအဝင် ကိုးကန့်ဒေသအတွင်း MNDAA နှင့် စစ်ကောင်စီတို့ကြား ဇန်နဝါရီလ ၁၈ ရက်နေ့ကစ၍ အပစ်ရပ်ပြီဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ဇန်နဝါရီလ ၂၀ ရက်တွင် ထုတ်ပြန်အသိပေးထားသည်။

တရားဝင်လက်မှတ်ရေထိုးကြပြီးနောက် နှစ်နိုင်ငံနယ်စပ်ဒေသတွင် တိုက်ပွဲများရပ်တန့်သွားပြီဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Mao Naing က ပြောသည်။

“မြန်မာနိုင်ငံမြောက်ပိုင်းမှာ အခြေအနေတွေကို အေးချမ်းစေတာက မြန်မာနိုင်ငံမှာရှိတဲ့ အားလုံးအတွက်၊ ဒေသတွင်းမှာရှိတဲ့ နိုင်ငံအားလုံးရဲ့ ဘုံအကျိုး စီးပွားအတွက်ဖြစ်ပါတယ်။ ဒါက တရုတ်နဲ့ မြန်မာကြား နယ်စပ်ဒေသတွေရဲ့ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေပါတယ်” ဟု ပြောသည်။

တရုတ်အစိုးရ၏ ကြားဝင်စေ့ညှိနှိုင်းမှုများကြောင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် စစ်ကောင်စီနှင့် ကိုးကန့်တပ်တို့ နှစ်ဖက် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ထိုသို့ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲများလည်း ရပ်တန့်သွားခြင်းဖြစ်သည်။

တရုတ်အစိုးရသည် ဝ ဒေသကတစ်ဆင့် MNDAA ထိန်းချုပ်သော ကိုးကန့်ဒေသအတွင်းသို့ ကုန်စည်ပို့ဆောင်ရေး လွတ်လပ်စွာ ကုန်သည်ခွင့်ပြုလိုက်ကြောင်းလည်း သိရသည်။

တရုတ်နိုင်ငံက ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးမှုများကို တက်ကြွစွာ ပါဝင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဆက်လက်ပံ့ပိုသွားမည်ဟု တရုတ်က ဆိုသည်။

၁၀၂၇ စစ်ဆင်ရေးအတွက် MNDAA က လားရှိုး၊ လောက်ကိုင် အပါအဝင် ရှမ်း မြောက်ဒေသတစ်ခုလုံးကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ