Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ဘန်ကောက်မြို့ Phra Nakhon ခရိုင်ရုံးတွင် ယနေ့ ဇန်နဝါရီလ ၂၃ ရက် နံနက် ၈ နာရီမှာ လက်ထပ်ခွင့်တင်လာကြသည့် ထိုင်းနိုင်ငံ၏ ပထမဆုံးသော လိင်တူချစ်သူစုံတွဲဖြစ်သည်။ (ဓာတ်ပုံ - Saran Phongsawat)

ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံမှာ လိင်တူချစ်သူ LGBTQ+ စုံတွဲများ တရားဝင်လက်ထပ်ခွင့် ရရှိကြပြီဟု ထိုင်းမီဒီယာများက ဖော်ပြကြသည်။

ကန့်သတ်ခံထားရသည့် လိင်တူလက်ထပ်ခွင့်ကို ထိုင်းနိုင်ငံမှာ လိင်တူလက်ထပ်ခွင့်ဆိုင်ရာ ဥပဒေအရ တရားဝင်ခွင့်ပြုလိုက်ပြီး ဘန်ကောက်မြို့တွင် LGBTQ+ စုံတွဲများ ရာနှင့်ချီ စောင့်ဆိုင်းနေကြသည်ဟု သိရသည်။

သရုပ်ဆောင် စုံတွဲဖြစ်သည့် Porshe Apiwat Apiwatseri နှင့် Am Sappanyu Panathakul တို့သည် ယနေ့ နံနက် ၈ နာရီမှာ Phra Nakhon ခရိုင်ရုံးတွင် တရားဝင်လက်ထပ်ထိမ်းမြားခွင့် တင်လိုက်ပြီး ထိုင်းနိုင်ငံ၏ LGBTQ+ လက်ထပ်ကြသည့် ပထမဆုံးသော စုံတွဲဖြစ်ကြသည်။

ဘန်ကောက်မြို့က ခရိုင်ရုံးပေါင်း ၅၀ ကို ဖွင့်လှစ်ထားပြီး လိင်တူချစ်သူများအတွက် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ဝန်ဆောင်မှုပေးနေကြောင်းလည်း ထိုင်းဌာနဆိုင်ရာများက ပြောဆိုထားကြသည်။

အချို့သော ခရိုင်ရုံးများတွင်လည်း လိင်တူချစ် LGBTQ+ များအတွက် အလှပြင်ဆင်ထားခြင်းများနှင့် သမိုင်းဝင်အခါသမယတွင် တန်းတူညီမျှမှုရရှိထားသော ချစ်ခြင်းမေတ္တာအားလုံးကို ဂုဏ်ပြုဝမ်းမြောက်ကြောင်း ထုတ်ဖော်ပြောကြားထားကြသည်။

ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများထဲတွင် လိင်တူချစ်သူများကို လက်ခံလိုလားပြသော ရှားရှားပါးပါး နိုင်ငံတစ်ခုဖြစ်လာကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ