Western News

(သတင်းထောက်များအား နှိပ်ကွပ်နေခြင်းကို လက်မခံ ရှုံ့ချကြောင်း IPCM ပြော) 

ရခိုင်ပြည်အခြေစိုက် Development Media Group (DMG) သတင်းဌာနက သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅ အပြင် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သည့် အကြမ်းဖက်မှုဥပဒေပုဒ်မ ၅၂ (က) ဖြင့် စစ်ကောင်စီက ထပ်တိုးအမှုဖွင့် တရားစွဲထားကြောင်း မိသားစုဝင်များထံမှ သိရသည်။

သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်ကို စစ်တွေမြို့ အကျဉ်းထောင်မှာ ထိန်းသိမ်းထားပြီး ဖမ်းဆီးခဲ့သည့်နေ့ကစ၍ ယနေ့ မေလ ၄ ရက်နေ့အချိန်အထိ တရားရုံးတင် စစ်ဆေးခြင်းမရှိသေးကြောင်း ကိုစိုးဝင်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။

” ပထမ သူတို့နှစ်ကို ဆက်သွယ်ရေးပုဒ်မ ၆၅ နဲ့ တရားစွဲပြီး ဆက်တိုက် ချုပ်နှောင်ထားတယ်။ ၆၅ နဲ့ ဆက်လက် ချုပ်နှောင်လို့ မရတဲ့အခါမှာ အပြစ်မရှိ အပြစ်ရှာပြီးတော့ အကြမ်းဖက်မှုဥပဒေပုဒ်မ ၅၂ (က) ထပ်တိုးအမှုဖွင့်ပါတယ်။ ပြီးတော့ အခုထက်ထိလည်း တရားရုံးတင် စစ်ဆေးတာ မရှိသေးဘူး။ ရုံးတော့ ထုတ်နေတယ်။ တရားလိုမရောက်လို့ဆိုပြီး ရုံးတင်မစစ်ဘူး။ သူတို့နှစ်ဦးကို ဖမ်းဆီးတာဟာ လက်ရှိမှာ ၆ လကျော်အထိ ကြာမြင့်နေပါပြီ။ ” ဟု ပြောသည်။

သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင် တို့နှစ်ဦးကို ဖမ်းဆီးခဲ့သည့် ၂၀၂၃ အောက်တိုဘာလ ၂၉ ရက်နေ့က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅ နှင့် အမှုဖွင့်ခဲ့ပြီး ၃ လအကြာ ၂၀၂၄ ဇန်နဝါရီလမှာ အကြမ်းဖက်မှုဥပဒေပုဒ်မ ၅၂ (က) ဖြင့် ထပ်မံ အမှုဖွင့်ခံထားရခြင်းဖြစ်သည်။

သတင်းထောက် ကိုထက်အောင်မှာ အောက်တိုဘာလ ၂၉ ရက် နံနက် သီတင်းကျွတ်လပြည့်နေ့က စစ်တွေမြို့ဝင်္ကဘာကွင်းမှာ ပြုလုပ်သည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို သတင်းဓာတ်ပုံ ရိုက်ကူးနေတုန်း ရဲတပ်ဖွဲ့နှင့် စစ်တပ်ထံ အဖမ်းခံလိုက်ရခြင်းဖြစ်သည်။

ယင်းနောက် ယင်းနေ့ နံနက်မှာပဲ စစ်တွေမြို့ရှိ DMG သတင်းဌာနရုံးကို ရဲတပ်ဖွဲ့၊ စစ်တပ်၊ အထူးစုံစမ်းစစ်ဆေးရေး (စစစ)၊ သတင်းရဲတပ်ဖွဲ့ SB တို့က အင်အား ၂၀ ကျော်ဖြင့် ဝင်ရောက်စီးနင်းပြီး ညစောင့်ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့မှာ လပေါင်းများစွာ ဖမ်းဆီးချုပ်နှောင်ခံထားရခြင်းနှင့် လူ့အခွင့်အရေးကိုဆုံးရှုံးနေရခြင်းဖြစ်၍ အမြန်ဆုံးပြန်လွှတ်ပေးရန် DMG က တောင်းဆိုသည်။

DMG တာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံက ” ကျနော်တို့ DMG ဝန်ထမ်းနှစ်ဦးဟာ အခုဆိုရင် အကျဉ်းထောင်ထဲမှာ လပေါင်းများစွာ နေနေရတယ်။ အဲဒီလိုနေနေရတာဟာ သတင်းထောက်အခွင့်အရေး၊ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေရတာဖြစ်တယ်။ ဒါကြောင့် သူတို့ကို ဘေးကင်းလုံခြုံစွာနဲ့ အမြန်ဆုံးလွှတ်ပေးဖို့ လိုအပ်တယ်ပေါ့နော်။ ” ဟု ပြောသည်။

DMG ရုံးကို ဝင်စီးနင်းချိန်က ရုံးမှာရှိသည့် ကင်မရာ၊ ကွန်ပျူတာနှင့် ရုံးပစ္စည်းများကို သိမ်းယူသွားသလို ရုံးကိုပါ ချိပ်ပိတ်ခဲ့ပြီး အယ်ဒီတာချုပ်၊ တာဝန်ခံအယ်ဒီတာ အပါအဝင် အခြားသော ဝန်ထမ်းများကိုလည်း ဖမ်းဆီးရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ လိုက်လံရှာဖွေနေကြသည်။

ရုံးကိုချိပ်ပိတ်ပြီး ရုံးရှိ သတင်းလုပ်ငန်းသုံးပစ္စည်းများအားလုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယူဆောင်သွား၍ DMG သတင်းဌာနမှာ သုညက ပြန်စရပြီး သတင်းလုပ်ငန်းကို ခက်ခက်ခဲခဲ လည်ပတ်နေရကြောင်း DMG စီမံခန့်ခွဲရေးအဖွဲ့ဝင် ကိုဇော်ဇော်က ပြောဆိုထားသည်။

ရခိုင်ပြည်က သတင်းသမားများ မတရားဖမ်းဆီးခံနေရခြင်း၊ မြန်မာနိုင်ငံအတွင်း နေရာအသီးသီးမှာ သတင်းသမားများ ဖမ်းဆီးသတ်ဖြတ်ခံရနေခြင်းနှင့် ပတ်သက်၍ လွတ်လပ်သောသတင်းမီဒီယာကောင်စီ IPCM အတွင်းရေးမှူး ကိုတိုးဇော်လတ်က ယခုလိုပြောသည်။

” ဗမာပြည်မှာ သတင်းထောက် အလုပ်လုပ်ရတာ မကောင်းတော့ဘူး ထင်တယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ သတင်းထောက်တွေကို ရည်ရွယ်ချက်ရှိရှိ ကြောက်သွားအောင်၊ သတင်းမပို့ရဲအောင် အဲ့လိုပဲ သတင်းထောက်တွေတောင်မဟုတ်ဘူး ကျနော်တို့ ဒီ ပရိတ်သတ်တွေ သတင်းနားထောင်တဲ့ သတင်းရယူတဲ့လူတွေကိုပါ ခင်ဗျားတို့ ရခိုင်ဘက်မှာဆိုရင် ပိုဆိုးတာပေါ့ဗျာ။ ခင်ဗျားတို့လို လွတ်လပ်တဲ့ မီဒီယာတွေရဲ့ သတင်းကိုကြည့်ရင်တောင် ဖမ်းမယ်ဆိုပြီးတော့ သတင်းယူတဲ့လူတွေကိုပါ နှိပ်ကွပ်ဖို့ ကြိုးစားနေတာပေါ့နော်။ အထူးသဖြင့်တော့ ရခိုင်မှာ ဖြစ်နေတဲ့ စစ်ရေးကိစ္စတွေ၊ တခြားကိစ္စတွေပေါ့နော် အဲဒါတွေကို သူတို့ကတော့ စစ်တပ်ပြောတဲ့ အမှန်တရားပဲ သိစေချင်တာ။ တခြား ခင်ဗျားတို့လို လွတ်လပ်တဲ့ သတင်းသမားတွေ ပြောတဲ့ အမှန်တရားတွေကို မကြားစေချင်လို့ လိုက်ပိတ်ဆို့နေတာလို့ ကြားပါတယ်။ အဲဒါကို ကျနော်တို့က လက်လည်းမခံပါဘူး။ ရှုံ့လည်းရှုံ့ချပါတယ်။ ” ဟု ပြောသည်။

စစ်ကောင်စီသည် ရခိုင်က သတင်းသမားများပဲ မဟုတ်ဘဲ မြန်မာနိုင်ငံအတွင်းက သတင်းထောက်အားလုံးကို ရည်ရွယ်ချက်ရှိရှိ နှိပ်ကွပ်နေခြင်းဖြစ်ပြီး အထူးသဖြင့် ပဋိပက္ခဧရိယာအတွင်းဆိုလျှင် ပိုနှိပ်ကွပ်ကြောင်း IPCM အတွင်းရေးမှူး ကိုတိုးဇော်လတ်က ဆက်ပြောသည်။

” ကျနော်ထင်ပါတယ်။ အခုအချိန်မှာတော့ သတင်းထောက်တွေကို စစ်တပ်က ရည်ရွယ်ချက် ရှိရှိ နှိပ်ကွပ်နေတာဗျ။ အထူးသဖြင့် ခင်ဗျားတို့လို ပဋိပက္ခဧရိယာတွေပေါ့ဗျာ။ ပြဿနာတက်နေတယ် တိုက်ပွဲတွေ ဖြစ်နေတဲ့ နေရာမှာ ပိုနှိပ်ကွပ်တာပေါ့။ သူတို့ စစ်သားတွေ၊ သူတို့ ဟို စစ်တပ်စစ်ဆင်ရေးနဲ့ စစ်ရေးသတင်းအမှန်တွေ အပေါ်အောင် အတင်းဖုံးဖိပြီးတော့ သတင်းလုပ်တဲ့သူတွေကို ရည်ရွယ်ချက်ရှိရှိ နှိပ်ကွပ်နေတဲ့ အခြေအနေရှိနေပါတယ်။ အဲဒီအခြေအနေတွေကို ကျနော်တို့က ရှုံ့လည်းရှုံ့ချတယ်။ နောက်တစ်ခါ မတရားဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေ အပေါ်မှာလည်း အတတ်နိုင်ဆုံး ကျနော်တို့ သတင်းထောက်တွေရဲ့ လုံခြုံရေးနဲ့ အကာအကွယ်ပေးနိုင်ရေးအတွက် လုပ်ပေးနိုင်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။ ” ဟု ပြောသည်။

ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အဆိုးရွားဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံပါဝင်ကြောင်း မေလ ၃ ရက်နေ့က ကျရောက်သည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF က ထုတ်ပြန်ခဲ့သည်။

သတင်းလွတ်လပ်ခွင့်အဆိုးရွားဆုံး ၁၀ နိုင်ငံစာရင်းထဲတွင် မြန်မာနိုင်ငံပါဝင်ရခြင်းသည် မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုကျူးလွန်နေခြင်းကြောင့် ဖြစ်သည်ဟု Western News သတင်းဌာန အယ်ဒီတာချုပ် ကိုဝဏ္ဏခွာညိုက ပြောသည်။

” မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် အဲလောက်ဆိုးသွားတာ၊ အဆိုးရွားဆုံး ၁၀ နိုင်ငံစာရင်းထဲမှာ ရောက်နေတာဟာ မြန်မာစစ်တပ် အာဏာသိမ်းစစ်ကောင်စီရဲ့ ကျူးလွန်မှုတွေကြောင့်ပဲ။ သတင်းသမားတွေကို မတရားဖမ်းဆီးတာ၊ ထောင်ချတာ၊ သတ်ဖြတ်တာတွေနဲ့ အကြောင်းမဲ့ အင်တာနက်ပိတ်ပင်တာတွေကြောင့် ဖြစ်တယ်။ သတင်းသမားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေနဲ့ အင်တာနက်ပိတ်တာတွေဟာ ပြည်သူတွေကို သတင်းသိပိုင်ခွင့်၊ ကြားပိုင်ခွင့်ကို ဆုံးရှုံးစေတယ်လေ။ စစ်ကောင်စီဟာ သတင်းအမှောင်ချပြီးတော့ လူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတာတွေကို ပြည်သူတွေ မသိအောင် အဲလို လုပ်တာဖြစ်တယ်။ အခု မြန်မာစစ်တပ်ရဲ့ ၂၀၂၁ အာဏာသိမ်းမှုနဲ့အတူ ဒီကာလအထိ ကျူးလွန်ထားတဲ့ လုပ်ရပ်တွေဟာ နှစ်ပေါင်း ၇၀ ကျော်အတွင်းမှာ အဆိုးရွာဆုံး လုပ်ရပ် အချိန်ကာလဖြစ်တယ်။ ဒါကို ကျနော်တို့ သတင်းသမားတွေက အများပြည်သူတွေနဲ့ ကမ္ဘာက သိအောင် ကျနော်တို့ ဖိနှိပ်ခံနေရပေမယ့်လည်း ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆိုဖို့ လိုပါတယ်။ ” ဟု ပြောသည်။

ရခိုင်ပြည်အခြေစိုက် မီဒီယာများဖြစ်သည့် Narinjara, DMG, Western News တို့က အယ်ဒီတာချုပ်၊ တာဝန်ခံအယ်ဒီတာများ အပါအဝင် သတင်းထောက်များကို အာဏာသိမ်းစစ်ကောင်စီသည် အမှုဖွင့်လှစ်တရားစွဲဆိုပြီး ဖမ်းဝရမ်းထုတ်ကာ လိုက်လံရှာဖွေနေသည်။

မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း သတင်းထောက်တစ်ဦး (ဖိုးသီဟ “ခေါ်” မြတ်သူထွန်း) သတ်ဖြတ်ခံရပြီး သတင်းထောက် ၅၉ ဦးနှင့် သတင်းမီဒီယာအလုပ်သမား ၃ ဦး စုစုပေါင်း ၆၂ ဦး ဖမ်းဆီးခံထားရကြောင်း RSF က မေလ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

About Author
Western News
View All Articles
Check latest article from this author !
ရခိုင်က ထိန်းချုပ်နယ်မြေတွေမှာ ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွားလည်ပတ်မှု ခက်ခဲနေကြ
စစ်သည် ၃ ဦးအပါအဝင် လူငယ် ၂၄ ဦးကို စစ်ကောင်စီက တရုတ်သို့စေလွှတ်
ကော့ကရိတ်၊ စုကလိ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်မှု ၆ဦးသေဆုံး၊ ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ၂၁ ဦး ဖမ်းဆီး ရရှိ
စစ်တပ်က ဖမ်းဆီးထားသည့် စစ်တွေ ဒေသခံများ ညှဉ်းပန်းနှိက်စက်ခံနေရ၊ မိသားစုဝင်များနှင့် အဆက်သွယ် မရသေး
မဲဆောက်မြို့တွင် ဇနီးသည်ကို ရိုက်နှက်သတ်ဖြတ်ခဲ့သူကို ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းပေးရန် တောင်းဆို
လေကြောင်းနှင့် ရေလမ်းမှ သံတွဲသို့ စစ်ကောင်စီ တပ်အင်အား ထပ်ဖြည့်နေ
သံတွဲ စစ်ရှောင်ရွာကို စစ်ကောင်စီက နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်
မောင်တောတိုက်ပွဲ ဘင်္ဂလားဒေ့ရှ်ဘက် ကျည်ကျရောက် ဘင်္ဂလားဒေ့ရှ်က ပြန်ပစ်မည်ဟု သတိပေး
တောင်ကုတ်မှာ စစ်ကောင်စီတပ်နှင့် AA တိုက်ပွဲပြင်းထန်နေ
Facebookနှင့် VPN ပိတ်ဆို့ရေး စစ်ကောင်စီ၏ စီမံချက်တွင် Mascots Group ဝင်းကျော်နှင့် ခင်ကေခိုင်က အဓိကပါဝင်
ပဲခူး အထင်ကရ ဆရာတော် မန္တလေးမှာ စစ်ကောင်စီ သတ်ဖြတ်၍ ပျံလွန်တော်မူ
အမ်း ကဇုကိုင်းကို လေယာဉ်ဖြင့် ဗုံးကြဲသဖြင့် ကလေးငယ်အပါအဝင် ၃ဦးသေဆုံး
ရခိုင်ပြည် သူ့ကျွန်ဘဝ သက်ဆိုးရှည်အောင် ALP လုပ်နေဟု ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းက ပြော
ကရင် ဘုရားသုံးဆူ နယ်စပ်ကုန်သွယ်ရေးဂိတ် ယာယီပိတ်
အာဆီယံ ဘုံ ၅ ချက် အလုပ်မဖြစ်၍ လမ်းပြမြေပုံသစ် ဖော်ဆောင်ရန် ကုလ မဟာမင်းကြီး တိုက်တွန်း
CNA က အလစ်အငိုက် ဝင်တိုက်၍ ချင်းတပ်နှစ်ဖွဲ့ တိုက်ပွဲဖြစ်ပွား
မြန်မာစစ်ရှောင် ၂၃၆ ဦးကို အိန္ဒိယအစိုးရက ဖမ်းဆီးထောင်ချခြင်း ကန့်ကွက်ရှုတ်ချ
တောင်ကုတ်တက္ကသိုလ်ဝန်းမှာ စစ်ကောင်စီဝင် အင်အား ၁၀၀ ကျော် တပ်စွဲထား
ပါချုပ်နှင့် ဆရာ/ဆရာမများအား လက်နက်ကြီး ပစ်ခတ်ခြိမ်းခြောက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တောင်ကုတ်တက္ကသိုလ်ထဲ တပ်စွဲနေရာယူ
မောင်တောမှာ တိုက်ပွဲပြင်းထန်၊ ပြည်သူများကို မြို့ကထွက်ခွာခွင့် စစ်ကောင်စီနှင့် ARSA က တားမြစ်နေ
သံတွဲမှာ စစ်ကောင်စီ တပ်စွဲနေရာ မိုင်းနင်းမိ၍ ရွာသားတစ်ဦး သေဆုံး
ကျောက်ဖြူမှာ စစ်ကောင်စီနှင့် AA တိုက်ပွဲ ပြန်လည်ဖြစ်ပွား
မတူပီမြို့က ခမရ ၃၀၄ တပ်ရင်းကို ချင်းညီနောင် မဟာမိတ် သိမ်းပိုက်
တောင်ကုတ်နယ်ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်၊ ကလေးအပါအဝင် ၃ ဦးသေဆုံး
တောင်ကုတ်မြို့ထဲ ဗုံးခိုကျင်း တူးခွင့် စစ်ကောင်စီ ပိတ်ပင်
AA ထံ လက်နက်ချအညံ့ခံမည့် မောင်တော နခခ ရဲတပ်ဖွဲ့ဝင်များကို စစ်ကောင်စီအရာရှိများက ပါးရိုက်
တောင်ကုတ်တက္ကသိုလ်ဝန်းထဲ စစ်ကောင်စီ လက်နက်ကြီး ကျရောက်ပေါက်ကွဲ
စစ်တွေ ဒေသခံ ၂၀၀ ကျော်ထံမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ငွေညှစ်နေ
တောင်ကုတ်တိုက်ပွဲ အရပ်သားသေဆုံးမှုရှိ
ရခိုင်ပြည်အတွင်း ကုန်ဈေးနှုန်းများ ထပ်မံမြင့်တက်နေ
စစ်ကောင်စီကို တိုက်မည်ဖြစ်၍ မောင်တောပြည်သူများ မြို့ကထွက်ခွာရန် AA သတိပေး
စစ်ကောင်စီ ဖမ်းဆီးသွားသည့် စစ်တွေမြို့က အရပ်သား ၂၀၀ ကျော် ပြန်လွတ်လာခြင်း မရှိသေး (ရုပ်သံ)
စစ်တွေ မင်းဂံရပ်ကွက်က အရပ်သား ၂၀၀ ကျော် ကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင်သွား
မနေ့က တောင်ကုတ်မြို့ တိုက်ပွဲအတွင်း စကခ (၅)မှ ဗိုလ်ကြီး အောင်ဇော်ထွန်း ကျ
သံတွဲ ဂေါ့တောင်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး လက်ရှိတွင် စစ်ရှောင် ၂၅,၀၀၀ ခန့်သည် အလှူရှင်များလိုအပ်နေ
၄ လအတွင်း စစ်ကောင်စီက အစုလိုက်အပြုံလိုက် လူ ၃၆၉ ဦးကို သတ်ဖြတ်
တောင်ကုတ်မှာ စစ်ကောင်စီနှင့် AA စစ်ရေးတင်းမာ၊ ယနေ့ စစ်ကောင်စီက ဗုံးကြဲနေ
မြောက်ပိုင်းညီနောင်တပ်များ လားရှို့မြို့အနီးသို့ ရောက်ရှိလာ၍ စစ်ကောင်စီတပ်များအားလုံး စစ်ပြင်ဆင်နေ
သံတွဲ ဂေါ့တောင်တွင် တိုက်ပွဲဆက်လက်ရှိနေသေး
မောင်တောက မောရဝတီဗျူဟာ အပါအဝင် တပ်စခန်း ၁၀ ခုကို AA သိမ်းပိုက်
သံတွဲမြို့နယ်က စစ်ရှောင်များ အရေးပေါ် စားနပ်ရိက္ခာများလိုအပ်နေ
စစ်ကောင်စီကို လက်နက်နှင့် လေ့ကျင့်ရေးသင်တန်း ပံ့ပိုးသော အိန္ဒိယစီးပွားရေးကုမ္ပဏီများကို JMF ဖော်ထုတ်
စစ်ကောင်စီက လက်နက်ကြီးဆက်တိုက်ပစ်နေ၍ ပေါက်တောနှင့် ပုဏ္ဏားကျွန်းက ကျေးရွာအချို့ ထပ်မံတိမ်းရှောင်နေရ
စစ်ကောင်စီတပ်ဖွဲ့ဝင်များ VPN အကြောင်းပြပြီး ခြိမ်းခြောက်ငွေညစ်နေ
မတူပီမြို့ကို သိမ်းပိုက်ရန် ချင်းညီနောင် စစ်ဆင်ရေးစတင်၊ AA လည်းပါဝင်ဟု သိရ
စစ်တွေက အတင်းပြောင်းရွှေ့ခံရ ၁၂ ရွာတွင် အိမ်စောင့်ကျန်ခဲ့သူများလည်းကို စစ်ကောင်စီက လိုက်လံဖမ်းဆီး
မောင်တော အလယ်သံကျော်စခန်း အသိမ်းခံရပြီးနောက် ရဲနှင့်မိသားစုဝင် ၄၀၀ ခန့်ကို AA ထိန်းသိမ်းထားဟုဆို
မြန်မာတွင် စစ်ဘေးရှောင် ကလေးငယ် ၁သန်းခန့် ရှိကြောင်း ကုလပြော
ရခိုင်က NGO/INGO များ လုပ်ငန်းလည်ပတ်နိုင်မှု ကျဆင်း
ဗျိုင်းဖြူရွာသား သေဆုံးသူ တိုးလာ၊ ဖမ်းဆီးခံရွာသားများကို ရုံးထုတ်
တရုတ်က စစ်ကောင်စီကို ကင်းလှည့်ရေယာဉ် ၆ စီးပေးအပ်
ရန်ကုန်-သမ္မတရုပ်ရှင်ရုံတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ
စစ်ကောင်စီက အတင်းအဓမ္မနှင်ထုတ်သဖြင့် စစ်တွေမြို့နယ်က ကျေးရွာ ၁၂ ရွာမှ ဒေသခံပြည်သူများ ဒုက္ခရောက်
စစ်ကောင်စီက မြို့ပတ်လည်ကို မိုင်းထောင်ထား၍ စစ်တွေနှင့် ကျောက်ဖြူ ဒေသခံများ မြို့က ထွက်မရကြ
မုံရွာ စစ်တပ်ကာကင်းစခန်းကို PDF တိုက်ခိုက်၊ စစ်သား ၂၀ ဦးခန့်သေဆုံးပြီး ၅ ဦးအရှင်ဖမ်းမိ
ဗျိုင်းဖြူရွာသား သေဆုံးသူ တိုးလာ၊ ဖမ်းဆီးခံရွာသားများကို ရုံးထုတ်
ရခိုင်က NGO/INGO များ လုပ်ငန်းလည်ပတ်နိုင်မှု ကျဆင်း
မြန်မာတွင် စစ်ဘေးရှောင် ကလေးငယ် ၁သန်းခန့် ရှိကြောင်း ကုလပြော
မတူပီမြို့ကို သိမ်းပိုက်ရန် ချင်းညီနောင် စစ်ဆင်ရေးစတင်၊ AA လည်းပါဝင်ဟု သိရ
မွတ်ဆလင်ထောင်နှင့်ချီ ကူညီစောက်ရှောက်ပေးထားကြောင်း AA ပြော၊ စားနပ်ရိက္ခာများ အရေးပေါ်လိုနေ (ရုပ်သံ)
အထင်သေးခံဘဝကနေ ရခိုင်ပြည်ကို သိမ်းပိုက်တော့မည့် AA
လွတ်မြောက်နယ်မြေသို့ တိမ်းရှောင်လာသော မွတ်ဆလင်များကို AA က ကူညီဆောင်ရွက်ပေးနေကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော
ရခိုင်မှာ ၂ နှစ်အောက် ကလေးငယ်များကို ကာကွယ်ဆေးထိုးပေးရန် အရေးတကြီးလိုအပ်နေ
ဆန်ရောင်းဝယ်မှု ကန့်သတ်သတင်းကြောင့် ကျောက်ဖြူတွင် ဆန်ဈေးမြင့်တက်
စစ်ကောင်စီဌာနချုပ်နှစ်ခု သိမ်းပိုက်ရေး AA က ထိုးစစ်အရှိန်မြှင့် 
ရခိုင်လွတ်မြောက်နယ်မြေတွင် စစ်ကောင်စီထုတ် အရက်ဘီယာများ ရောင်းအားကောင်းနေ
အာရက္ခပြည်က လူမျိုးရေးအသွင်ဆောင် ပဋိပက္ခကို ဆန်းစစ်ခြင်း
သံတွဲမှာ တိုက်ပွဲကြောင့် လူဦးရေ တစ်သောင်းခန့် နေရပ်စွန့်ခွာ
UN လူ့အခွင့်အရေးအကြီးအကဲ Turk ကို AA က ဘယ်လို တုန့်ပြန်သလဲ
AA ကို အလိုမရှိကြောင်း မနက်ဖြန် ဆန္ဒပြရန် စစ်တွေက မွတ်ဆလင်များကို စစ်ကောင်စီက ဖိအားပေးနေ
စစ်တွေတွင် ဝမ်းပျက် ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုကြောင့် မွတ်ဆလင် ကလေးငယ် ၈၀ နီးပါး သေဆုံး
မွတ်ဆလင်လူငယ် ၅ သောင်းကို AA နှင့်ပူးပေါင်းရန် ဆွေးနွေးချက် ရိုနေဆန်းလွင် ငြင်း
အမ်းက စစ်ရှောင်ကျေးရွာများမှ စားနပ်ရိက္ခာများကို စစ်ကောင်စီတပ်သားများ ခိုးယူနေ
မာန်အောင် သစ်ပုံရွာသားများကို စစ်ကောင်စီက အတင်းပြောင်းရွှေ့ခိုင်းနေ
ဘူးသီးတောင်မှာ ARSA နှင့် ARA အကြမ်းဖက်မှုမြင့်တက်
AA က သိမ်းပိုက်ထားသော မြို့နယ်များကို နေ့ည မကျန် လေကြောင်းဖြင့် စစ်ကောင်စီ ဗုံးကြဲနေ
ရခိုင်နှင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် အပြန်အလှန်ကုန်သွယ်
စစ်တွေနှင့် ကျောက်ဖြူတွင် စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်ဆောက်လုပ်နေ
မြေပုံ စညှင်း စစ်ကောင်စီ ပွိုင့် ၂၅၇ စခန်းအား AA ကထိုးစစ်ဆင် တိုက်ခိုက်နေ
ဘူးသီးတောင် မြို့သိမ်းတိုက်ပွဲတွင် AA စစ်သမီးများ ပါဝင်တိုက်ခိုက်
ရခိုင်အရေး ညှိနှိုင်းပေးမည့် တရုတ် အာဏာရှင်ဟောင်း သန်းရွှေနှင့် အရင်တွေ့
၅ ရက်အတွင်း ဘူးသီးတောင်က ခမရ ၅၆၄ တပ်ရင်းဌာနချုပ်ကို AA သိမ်းပိုက်
မာန်အောင်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွာသားဘက်က မရပ်ဘဲ စစ်ကောင်စီဘက်က ရပ်တည်ပေးနေ
မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၁၀၀၀ ကျော်တိုးလာ
“အဓမ္မစစ်သားစုဆောင်ရပြီး ထွက်ပြေးလာတဲ့ မွတ်ဆလင်တွေကို စစ်ကောင်စီက လိုက်လံ ရှာဖွေနေ၊ မတွေ့ရှိပါက မိသားစုဝင်များကို ဖမ်းဆီး”
စစ်ကောင်စီနှင့် AA ကြား ဝင်ရောက်စေ့စပ်ညှိနှိုင်းပေးမည်ဟု တရုတ်ပြော
အပူပြင်းဆုံးရာသီဝင်လာ၍ ရခိုင်ကစစ်ရှောင်များ သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရ
ရခိုင်စစ်ပွဲ ၄ လကျော်အတွင်း အရပ်သားသေဆုံးသူ ၁၇၉ ဦးရှိ
ရခိုင်က HIV လူနာများ ART ဆေးပြတ်လပ်မှုဖြင့်ကြုံနေရ
မကွေးက စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့များ လက်နက်ချအလင်းဝင်ရန် PRA ပြော
Move Forward ပါတီ ဖျက်သိမ်းရေး ခုံရုံးလက်ခံ၊ မကြာခင် ကြားနာပွဲလုပ်မည် 
တောင်ကုတ်မြို့မ စခန်းမှူး ဒုတိယရဲမှူး စန်းညွှန့် စခန်းမှ ထွက်ပြေး
အမ်းက စစ်ကောင်စီ တောဟိန်းတောင်ဗျူဟာကို AA က ထိုးစစ်ဆင်တိုက်ခိုက်
အမ်း နပခမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား အပါအဝင် ၆ ဦးကို PRA ဖမ်းဆီးထား
စစ်တွေကလက်နက်ကြီး ထိမှန်သော ပေါက်တောပြည်သူ ၆ ဦး
ဖျာပုံအကျဉ်းထောင် ဥပဒေမဲ့ရိုက်နှက်မှု နိုင်ငံရေးအကျဉ်းသား ၂၀ ဦး ပြင်းထန်ဒဏ်ရာရ
စစ်ကောင်စီပစ်ခတ်၍ ရခိုင်မှာ နှစ်ရက်အတွင်း အရပ်သား ၆ ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရ
တရုတ်နိုင်ငံသည် မြန်မာအတွက် အိမ်နီးချင်းကောင်း နိုင်ငံမဟုတ်ဟု ISP စစ်တမ်းက ဖော်ပြ
အမ်း-ပဒါန်း ကားလမ်းကို အကန့်အသတ်မရှိ ပိတ်ကြောင်း AA အရေးပေါ်ထုတ်ပြန်
စစ်ထဲဆွဲခေါ်ခံရသည့် မွတ်ဆလင်တစ်ဦး ဝက်သားမစား၍ နှိပ်စက်ခံရပြီးသေဆုံး
ရသေ့တောင်က စစ်ကောင်စီတပ်သားများ အလံဖြူထောင် လက်နက်ချခဲ့
မာန်အောင်က စီးပွားရေးလုပ်ငန်းရှင် ဦးစည်သူအောင် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရ
စစ်ကောင်စီဗုံးကြဲ၍ သေဆုံးဒဏ်ရာရခဲ့သည့် ရမ်းဗြဲဖက်ကြပ် ရွာလုံးကျွတ် တိမ်းရှောင်
စစ်ကောင်စီက စစ်မှုထမ်းရန် အတင်းခေါ်ယူနေ၍ သံတွဲနှင့် မာန်အောင်က လူငယ်အများအပြား တိမ်းရှောင်နေရ
ဘင်္ဂလားဒေ့ရှ်ထွက်ပြေးသည့် စစ်ကောင်စီတပ်သား ၅၀၀ ကျော်ရှိ၊ ၃၀၀ ကျော်ကို ပြန်ပို့ထား
ထိုင်းတွင် ကရိန်း မတော်တဆပြိုကျမှုကြောင့် သေဆုံးသူ ၆ဦးတွင် ရခိုင်တစ်ဦးပါဝင်၊ နစ်နာကြေးကို ပွဲစားတစ်ဦးက ထုတ်ယူ၊ မိဘများနှင့် အဆက်အသွယ် လိုနေ
စစ်ရှောင် ရခိုင်အမျိုးသမီးများ၏ စစ်ဘေးကာလ အခက်အခဲများ
မူးယစ်သားကောင်မှ မူးယစ်ပညာပေးဖြစ်လာသူ ဆရာမညို
မိုခါကြောင့် ပျက်စီးဆုံးရှုံးမှုများ မပြုပြင်နိုင်သေးသည့် ရခိုင်တွင် တိုက်ပွဲကြား အပျက်စီးများထပ်ဖြစ်လာ
မြောက်ဦးခရီးသွားလုပ်ငန်း အသက် ဆက်လက်ရှင်သက်ဖို့ ရခိုင်ပြည် တည်ငြိမ်အေးချမ်းဖို့လို
စစ်တွေ ကမ်းနားလမ်း ကမ်းခြေအား ယနေ့ ညနေပိုင်း အခြေအနေ (ရုပ်သံ)
ဒီဇင်ဘာလ ပထမအပတ် ရခိုင်ပြည်ထူးခြားသတင်းများ
ချင်းတော်လှန်ရေး တပ်ဖွဲ့အချင်းချင်း လက်နက်ဖြင့် မဖြေရှင်းဖို့ သဘောတူ
ပါတီ ဗဟိုရုံးချုပ် ဖြိုချ ဖျက်ဆီး ခံရခြင်း မရှိဟု ANP ဆို

Related Posts