အာရက္ခတပ်တော် AA သည် ရခိုင်ပြည်အတွင်း သိမ်းပိုက်ထားသော မြို့များတွင် ယာဉ်အန္တရာယ် ကင်းရှင်းရေး စနစ်တကျဆောင်ရွက်နေကြောင်း ဒေသခံများထံမှ သိရသည်။
ယာဉ်အသွားအလာများသော နေရာများ၊ လမ်းဆုံးလမ်းခွများတွင် အထူးသဖြင့် အလေးထားဆောင်ရွက်နေပြီး မြို့ထဲသို့ ပြည်သူများ ပြန်လည်ဝင်ရောက် နေထိုင်ကတည်းက အများအပြည်သူ အန္တရာယ်ကင်းရှင်းရေးကို ပြုလုပ်နေသည်ဟု သိရသည်။
ကား၊ ဆိုင်ကယ်၊ သုံးဘီး၊ ဘေးတွဲ၊ တေဗာ၊ ကုန်ကား စသဖြင့် စနစ်တကျ မောင်းနှင်သွားလာရေးနှင့် ဆိုင်ကယ်ဦးထုပ်များ ဆောင်းရေးအတွက်လည်း အသိပညာပေးခြင်းများ ပြုလုပ်ပေးလျှက်ရှိသည်ဟု သိရသည်။