Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
May 24, 2012 - Mae Sot, Tak Province, Thailand - Moms stand with their new born babies to register them at the Birth Registration Office of UNHCR inside the Mae La refugee camp in Mae Sot near the Thai-Myanmar border on May 24, 2012. More than 140,000 refugees have been living in nine refugee camps scattered along the border in Thailand after the minority ethnic group fled their country in 1995 following a major offensive by the Myanmar government army against the Karen National Union. Photo Credit: UN Pho

အမေရိကန်ထောက်ပံ့မှုများဖြင့် လည်ပတ်နေသော မြန်မာဒုက္ခသည် သောင်းနှင့်ချီကို ဆေးကုပေးနေသည့် ထိုင်းနိုင်ငံအတွင်းက ဆေးရုံဆေးခန်းများကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖော်ပြသည်။

သမ္မတ ဒေါ်နယ်ထရမ့် ဦးဆောင်သော အမေရိကန်အစိုးရအဖွဲ့၏ ရက် ၉၀ မူဝါဒကြောင့် ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်သောင်းနှင့်ချီကို ဝန်ဆောင်မှုပေးနေသည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ရပ်နားခံလိုက်ရခြင်းဖြစ်သည်။

ထိုင်းတာဝန်ရှိသူများသည် အမေရိကန်အကူအညီဖြင့် လည်ပတ်နေသော နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီ (IRC) ၏ ဆေးရုံဆေးခန်းများသို့ ရောက်ရှိလာပြီး ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အပြီးပိတ်သိမ်းရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

IRC ကို မီဒီယာများက မှတ်ချက်ပေးရန် မေးမြန်းရာတွင် ပြန်လည်တုန့်ပြန်ခြင်းမရှိပေ။

ဒေါ်နယ်ထရမ့် သည် ၎င်း၏ “America First” မူဝါဒနှင့် လိုက်ဖက်ညီမှုကို အကဲဖြတ်ရန် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) မှ ဖွံ့ဖြိုးရေးအကူအညီကို ရက် ၉၀ ကြာ ရပ်တန့်ခဲ့သည်။

လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို အမေရိကန်က ရပ်နားခြင်းသည် ကမ္ဘာလုံးဆိုင်ရာ အကူအညီပေးရေးကဏ္ဍကို ပရမ်းပတာဖြစ်စေခဲ့သည်။

အမေရိကန်မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ စွန့်လွှတ်မှုအတွက် လူပေါင်း ၁၀၀,၀၀၀ ခန့်နေထိုင်ရာ စခန်း ၉ ခုမှာ မည်မျှထိ ထိခိုက်သွားမည်ကို လတ်တလောတွင် မသိရသေးပေ။

နယ်စပ်ရှိ ကျန်းမာရေး အဆောက်အအုံများသည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံမှ ဒုက္ခသည် ထောင်ပေါင်းများစွာကို ဝန်ဆောင်မှုပေးလျက်ရှိသည်။

Tha Song Yang ခရိုင်ရှိ မယ်လဒုက္ခသည်စခန်းမှ ကော်မတီအဖွဲ့ဝင်နှင့် ဒေသခံ ကျောင်းဆရာ Bweh Say က ယခုလိုပြောသည်။

“IRC ဟာ လူနာတွေကို ဆေးရုံကနေ ပေးဆင်းခိုင်းနေပါပြီ။ အောက်ဆီဂျင် အိုးများကို မှီခိုနေရတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ အသက်ရှုကျပ်နေသူတွေ အပါအဝင် လူနာများမှာ အောက်ဆီဂျင်နဲ့ ဆေးဝါးတွေ မရတော့ဘဲ ရပ်တန့်နေပါတယ်” ဟု ပြောသည်။

ယင်းအပြင် ဒုက္ခသည်စခန်း၏ ရေဖြန့်ဖြူးရေးနှင့် အမှိုက် စွန့်ပစ်ရေး စနစ်များကိုလည်း ထိခိုက်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။

“ဆေးရုံက ဆင်းလာသူတွေထဲက တချို့ရဲ့ ဆွေမျိုးတွေက အိမ်ပြန်ဖို့ အောက်ဆီဂျင်ဘူးတွေကို ရှာဖို့၊ ရရှိဖို့ ကြိုးစားနေကြပါတယ်” Bweh Say က ပြောသည်။

နှလုံးခွဲစိတ်မှုမှ ပြန်လည်ကောင်းမွန်လာသည့် ကလေးတစ်ဦးအပါအဝင် မယ်လဆေးရုံတွင် အပြင်းအထန်ဖျားနာနေသည့် လူနာ ၅၀ ခန့်မှာ ဆေးရုံက ဆင်းရတော့မည်ဖြစ်ကြောင်း ကျောင်းဆရာ Bweh Say က ဆိုသည်။

“ပုံမှန်အားဖြင့် အဲဒီဆေးရုံက တစ်ရက်ကို ပြင်ပလူနာ (၁၀၀) လောက် လက်ခံတယ်၊ အခု လက်မခံတော့ဘူး” ဟု ၎င်းက ပြောသည်။

Tak ခရိုင်အုပ်ချုပ်ရေးမှူး Chucheep Pongchai က အပြင်းထန်ဆုံး နာမကျန်းဖြစ်နေသော လူနာများကို ဒေသန္တရဆေးရုံများသို့ လွှဲပြောင်းပေးမည်ဟု ထိုင်းမီဒီယာများအား ပြောကြားခဲ့ပြီး တာဝန်ရှိသူများက ၎င်းတို့၏ စက်ကိရိယာများကို အသုံးပြုရန်အတွက် IRC ကို တောင်းဆိုထားကြောင်း ပြောကြားခဲ့သည်။

Tha Song Yang ဆေးရုံမှ ဒါရိုက်တာ ဒေါက်တာ တာဝါချိုယင် က စခန်းသို့ လူနာများကို အကဲဖြတ်ရန် သွားရောက်နေသည်ဟု သိရသည်။

“လူနာတွေက ဘယ် အိမ်ပြန်နိုင်မလဲ၊ လူနာတွေက အောက်ဆီဂျင်အကူအညီလိုတယ် စသဖြင့် အကဲဖြတ်ရမယ်” ဟု ဒေါက်တာ တာဝါချိုယင် က Reuters သို့ ဖုန်းဖြင့် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတောင်ပိုင်းမှ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) ၏ ပရိုဂရမ် ဒါရိုက်တာ နိုင်အောမွန်က ဒုက္ခသည်စခန်းများတွင် အခြေခံကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များ မပြည့်မီမည်ကို စိုးရိမ်နေကြောင်း ပြောသည်။

“ဒီဒုက္ခသည်တွေဟာ သူတို့ရဲ့နေ့စဉ်ကျန်းမာရေးဝန်ဆောင်မှုတွေအတွက် ဒီအကူအညီအပေါ် လုံးလုံးလျားလျား မှီခိုနေရလို့ ကြောက်စရာကောင်းပါတယ်” ဟု ဆိုသည်။

အမေရိကန် ရန်ပုံငွေဖြင့် လည်ပတ်နေသော ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက လုပ်ငန်းများလည်း ရပ်နားသွားမည်ဟု သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ