အာဏာသိမ်းမှု ဆန့်ကျင်သော ဆန္ဒပြပွဲတစ်ခုကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံးရှေ့မှာ ယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း Milk Tea Alliance Thailand က ထုတ်ပြန်လာသည်။
အဆိုပါ ဆန္ဒပြပွဲ ယနေ့ ညနေ ၄ နာရီမှာ ကျင်းပသွားမည်ဟု သိရပြီး အဆိုပါအဖွဲ့သည် ထိုင်းတက္ကသိုလ်က ကျောင်းသားလူငယ်များ စုဖွဲ့ထားသော အဖွဲ့ဖြစ်ပြီး အာရှဒေသတွင်း ဒီမိုကရေစီအရေးလှုပ်ရှားနေသည့် အဖွဲ့လည်းဖြစ်သည်။
မြန်မာနိုင်ငံကို အမုန်းပွားဖို့ ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားတဲ့ သတင်းအတုတွေနဲ့ ထိုင်းလူမျိုးတွေအပေါ် လှုံ့ဆော်နေတာကိုလည်း ရပ်ကြရန် Milk Tea Alliance Thailand ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။