ထိုင်းနှင့် မြန်မာနယ်စပ်ဖြစ်သည့် ထိုင်းနိုင်ငံ မဲဆောက်မြို့အထွက်တွင် ပြောင်းစေ့များထည့်ထားသည့် ကားတွင် ပုန်းအောင်း လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၈ဦး ဖမ်းခံလိုက်ကြောင်း ထိုင်းအခြေစိုက် သတင်း ဌာနများက ဖော်ပြသည်။
ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၁နာရီ ဝန်းကျင်အချိန်က မဲဆောက်မြို့အထွက်ရှိ ဟွေ့ဟင်ဖွန် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကုန်တင်ကားတစ်စီးအား ပူးပေါင်းအဖွဲ့က ရပ်တန့်စစ်ဆေးရှာဖွေရာ ယင်းကဲ့သို့ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
၎င်းတို့မှာ တရားမဝင်တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်လာမှု ကားပေါ်တွင် ပြောင်းစေ့များ တင်ဆောင်လာသည့် အောက်တွင် ပုန်းအောင်းလိုက်ပါလာခြင်း ဖြစ်ပြီး စစ်ဆေးရေး ဂိတ်တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။
ဖမ်းဆီးခံရမှုတွင် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၂ဦးတို့ ဖြစ်ပြီး လက်ရှိတွင် ၎င်းတို့အား ဖမ်းဆီးပြီး မဲဆောက်မြို့မရဲစခန်းသို့ ပို့ဆောင်ထားကြောင်း ထိုင်းအခြေစိုက် သတင်းဌာနများက ဖော်ပြသည်။
ပြီးခဲ့သည့် ဖေဖော် ဝါရီ ၅ရက် နေ့မှာ အယုဒ္ဓယ အဝေးပြေးရဲတပ်ဖွဲ့ က အဝေးပြေးလမ်းမကြီးပေါ်တွင် ဘန်ကောက်ကို သွားရောက်မည့် မြန်မာ ၃၁ဦး ကိုသယ်ဆောင်လာသော ကား ၂စီးကို စစ်ဆေးဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။



ဇန်နဝါရီလ ၂၉ ရက်နှင့် ၃၁ ရက်နေ့နေတို့တွင် ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၃ ရက်အတွင်း ၃၃၄ ဦး ဖမ်းဆီးခံရကြောင်း ထိုင်း သတင်းဌာနများက ဖော်ပြသည်။
၁၆၉ ဦးကို ကန်ချနဘူရီ Thong Pha Phum ခရိုင်အတွင်းရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဖမ်းဆီးခဲ့ပြီး ၎င်းတို့မှာ ၂၂ ဘီး နောက်တွဲထရပ်ကားအတွင်း ခိုးဝှက်၍ လိုက်ပါလာကြခြင်းဖြစ်ပြီး ယင်းအထဲတွင် အမျိုးသမီး ၆၇ ဦး ပါဝင်ကြောင်း သိရသည်။