Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၉ ဦး ထိုင်းနိုင်ငံ၊ ကန်ချနဘူရီတွင် ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းနိုင်ငံအခြေစိုက် သတင်းဌာနများက ဖော်ပြာသည်။

၎င်းတို့မှာ ဘုရားသုံးဆူမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာစဉ် သတင်းပေး တိုင်ကြားမှုကြောင့် ကန်ချနဘူရီ တောအုပ်တစ်နေရာတွင် ထိုင်းအာဏာပိုင်များက ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် လူငယ်များမှာ အသက် ၁၈ နှစ်မှ အသက် ၄၀ နှစ်အတွင်း လူငယ်များဖြစ်ကြပြီး မတ်လ ၄ ရက်နေ့တွင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် လမ်းကြောင်းမှ တစ်ဆင့် ဝင်ရောက်လာစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ယခု ရက်ပိုင်းအတွင်း ထိုင်း-မြန်မာ နယ်စပ်ဘက်သို့ ထွက်ခွာလာကြသည့် လူငယ်များတွင် အမျိုးသမီးငယ် အရေအတွက် သိသိသာသာ တိုးတက်များပြားလာနေပြီး ထိုင်းနိုင်ငံတစ်ဆင့် မလေးရှားနိုင်ငံသို့ တရားမဝင် လမ်းကြောင်းများမှ သွားရောက်သူများလည်း ရှိနေသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့ကလည်း ထိုင်း – မြန်မာ နယ်စပ် စံခလဘူရီ ခရိုင်အတွင်းမှာ တရားမဝင် ရောက်ရှိလာသော မြန်မာနိုင်ငံသား ၄၉ ဦး သက်ဆိုင်ရာ အာဏာပိုင်များက ဖမ်းဆီးခံခဲ့ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။

၎င်းတို့အားလုံးမှာ သက်သေခံစာရွက်စာတမ်း မတွေ့ရှိခဲ့ရဘဲ စစ်ဆေးရေး ဂိတ်များကို ကျော်ဖြတ်ရန်အတွက် ပွဲစားခ တစ်ဦးလျှင် ဘတ် ၁၅၀၀၀ ပေးဆောင်ခဲ့ရကြောင်း အာဏာပိုင်များက စစ်ဆေးချက်တွင် ထွက်ဆိုချက် အရ သိရသည်။

ဖမ်းဆီးခံရတဲ့ အထဲမှာ အမျိုးသား ၃၆ ဦးနှင့် အမျိုးသမီး ၁၃ ဦး ပါဝင်ပြီး ၎င်းတို့အားလုံးကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုဖြင့် တရားစွဲဆိုနိုင်ရန် အတွက် စံခလဘူရီ ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းတွင် စစ်ကောင်စီက စစ်မှုထမ်းခိုင်းရန်အတွက် လူငယ်များကို အဓမ္မပေါ်တာဆွဲ ဖမ်းဆီးမှုများ တောက်လျှောက်လုပ်ဆောင်နေပြီး တရားမဝင် နည်းလမ်း မလေးရှား၊ ထိုင်း၊ တရုတ်နိုင်ငံသို့ သွားရောက်စဉ် အကြောင်း အမျိုးမျိုးကြောင့် ဖမ်းဆီးခံနေရသည်။

ဖမ်းဆီးခံရသူများကိုလည်း မြန်မာနိုင်ငံသို့ ပြန်ပို့စဉ်တွင်လည်း စစ်ကောင်စီက ထိုသူများကို ပြန်လည် ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းရန်အတွက် လူငယ်များကို ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း ဖမ်းဆီးခံ မိသားစုဝင်များ က ပြောသည်။

တရားဝင် လေဆိပ်မှ တစ်ဆင့် ထွက်ခွာရန်မှာလည်း စစ်ကောင်စီက PJ နိုင်ငံကူးလက်မှတ်၊ PV နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်ခွာမှုများကို စစ်ကောင်စီက တင်းကျပ်စိစစ်ပိတ်ပင် လျက်ရှိနေကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ