Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

(ဘင်္ဂလာဒေ့ရှ်သို့ ပြည်မမှ ကွမ်းသီးများ ဝင်ရောက်မှုကြောင့် ဟုဆို)

ဘင်္ဂလာဒေ့ရှ်သို့ ပြည်မဖက်က ကွမ်းသီးများ တင်ပို့မှုကြောင့် စျေးကောင်းရနေသည့် ရခိုင်ဒေသထွက် ကွမ်းသီးများမှာ လက်ရှိတွင် စျေးနှုန်းများ ကျဆင်းလာလျက် ရှိနေကြောင်း ကွမ်းသီး ရောင်းဝယ် သူများထံမှ သိရသည်။

ကွမ်းသီးစျေး ကျဆင်းမှုမှာ ဘင်္ဂလာဒေ့ရှ်သို့ ပြည်မမှ ကွမ်းသီးများ ဝင်ရောက်မှု များလာခြင်းကြောင့် ဖြစ်ပြီး လက်ရှိတွင် ကွမ်းသီး ရောင်းဝယ်မှုမှာ အဆင်မပြေ ဖြစ်နေကြောင်း ဘင်္ဂလာဒေ့ရှ်သို့ ကုန်သွယ် သွားလာနေသူ တစ်ဦးက Western News ကို ပြောသည်။

“ခုတစ်လော ကွမ်းသီးကရောင်းအားကျ နေတယ်ဗျ။ အရောင်းမထွက်ဘူး။ ဧရာဝတီဖက်တို့က ကွမ်းသီးတွေလည်းတအားဝင်လာတော့ သူတို့က အဲ့ဒီကွမ်းသီးကို ပိုကြိုက်ကြတယ်။ ဒီတော့ ဒီဖက်ထွက် ကွမ်းသီးတွေက စျေးလည်းမရတဲ့ အပြင် ရောင်းအားလည်းသိပ်မကောင်းဘူး” ဟုပြောသည်။

ရခိုင်ပြည်အတွင်းက ကွမ်းသီး တစ်မောင်း (၂၅ ပိဿာ) ကျပ် ၄၈၀၀၀၀ အထိ စျေးကောင်းရရှိခဲ့သော်လည်း ပြည်မဖက်က ဝင်ရောက်လာသည့် ကွမ်းသီးကြောင့် လက်ရှိမှာ ကျပ် ၁၈၀၀၀၀ သိန်းအထိ စျေး ထိုးကျသွားကြောင်း ကွမ်းသီးရောင်းဝယ်သူများက ပြောသည်။

ထိုသို့ ကွမ်းသီးစျေးကျဆင်းသွားမှုကြောင့် ကွမ်းသီးဝယ်ယူထားသူများမှာ အရှုံးပေါ်လျှက်ရှိနေကြောင်း မြောက်ဦးမြို့နယ်က ကွမ်းသီး ဝယ်ယူရောင်းချသူ တစ်ဦးက ပြောသည်။

“စျေးမြင့်တုန်းက ဝယ်ထားမိလိုက်တဲ့ကွမ်းသီးတွေက ခုစျေးကျလာတာနဲ့ အရှုံးပေါ်နေပြီ။ ကုန်သည်တွေကတော့ ကွမ်းသီးသိပ်အရောင်းမထွက်ဘူးဆိုပြီးပြောတယ်။ စျေးကတော့ အကျဖက်ပဲဦးတည်နေတယ်တဲ့” ဟုဆိုသည်။

ကွမ်းသီးပင်များကို ရခိုင်တွင် မြေနုကျွန်း ဒေသများတွင် အဓိကစိုက်ပျိုးကြခြင်းဖြစ်ပြီး လက်ရှိကွမ်းသီး ထွက်ရှိနေသည့် စိုက်ခင်းများမှာ ယခင်ကတည်းက မိရိုးဖလာနည်းလမ်းဖြင့် စိုက်ပျိုးထားသော အပင်များ ဖြစ်ကြသည်။

ကွမ်းသီးစိုက်ခင်းများ အသစ်ထပ်လောင်းစိုက်ပျိုးမှု များမှာလည်း ဒေသတွင်း မရှိသလောက်နည်းပါးနေပြီး အရည်အသွေးများလည်း ကျဆင်းမှဒ ရှိနေကာ အပင်များတွင် ပိုးကျ၍ သေဆုံးမှုများလည်း ရှိနေကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ