Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ကလေးငယ်အချင်းချင်း ဆော့ကစားရာမှ သေနတ်ပစ်ခတ်ခံရ၍ ဒဏ်ရာရသွားသော ကလေးငယ်အားတွေ့ရစဉ်။ (၂၀၂၅ ခုနှစ်၊ မတ်လ ၁၂ ရက်)/ဓါတ်ပုံ-Western News

အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင် အရာရှိတစ်ဦး ပစ္စတိုသေနတ် တစ်လတ် နေအိမ်အတွင်း မေ့ကျန်ခဲ့ရာ ကလေးငယ်များက ဆော့ကစကားရာကနေ ပစ်ခတ်မှုဖြစ်၍ ကလေးငယ်တစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

ရခိုင်ပြည် မြောက်ဦးမြို့နယ် ဝက်လှကျေးရွာတွင် AA အရာရှိတစ်ဦး မေ့ကျန်ခဲ့သော သေနတ်အား ကလေးငယ်နှစ်ဦး သေနတ်ပစ်ခတ်ပြီး ဆော့ကစားရာမှ အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ လက်တွင် ဒဏ်ရာရရှိသွားသည်။

ဖြစ်စဉ်မှာ မတ်လ ၁၂ ရက် နေ့လယ်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မေ့ကျန်ခဲ့သော သေနတ်ဖြင့် ကလေးငယ်များက ဆော့ကစားရာတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သေနတ်ပစ်ခတ်ခံရသူ ကလေးငယ်မှာ အသက် ၈ နှစ်အရွယ် ၂ တန်းကျောင်းသားဖြစ်ပြီး ပစ်ခတ်သူမှာလည်း ကလေးငယ်ဖြစ်ကာ ၂ တန်းကျောင်းသားကလေးပင် ဖြစ်သည်ဟု အဆိုပါ ကျေးရွာသားများက ပြောသည်။

ရွာသားတစ်ဦးက “ကလေးအချင်းချင်း ကစားရင်း မတော်တဆ ပစ်ခတ်မှုဖြစ်တာပါ။ အတူတူ ကစားနေရာကနေ ဟိုဖက်ကလေးက အိမ်မှာရှိနေတဲ့ သေနတ်ကိုကိုင်ပြီး ပစ်လိုက်တာ။ အပစ်ခံရတဲ့ ကလေးကတော့ လက်ကာခံလိုက်ရာကနေ လက်ကိုကျည်ဖောက်ပြီး ဒဏ်ရာရသွားပါတယ်” ဟု ပြောသည်။

သေနတ်ပစ်ခတ်ခံရသည့် ကလေးငယ်တွင် ဘယ်ဘက်လက်၌ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိ နီးစပ်ရာ ဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိနေကြောင်း သိရသည်။

သေနတ်ပစ်ခတ်ခဲ့သည့်ကလေးငယ်နှင့် ပတ်သက်၍ နောက်ထပ်ကျေးရွာသားတစ်ဦးက ယခုကဲ့သို့ ပြောသည်။

“အဲ့ကလေးမှာ ဦးလေးတော်စပ်သူက AA တပ်ဖွဲ့ဝင်တစ်ယောက်ပါ။ သူက အိမ်လည်လာရင်း သူကိုင်တဲ့ ပစ္စတိုသေနတ်ကို အဲ့အိမ်မှာ မေ့ကျန်ခဲ့တယ်တဲ့။ အဲ့ဒါကို ကလေးကမြင်ပြီး ဆော့ရင်းပစ်ရာကနေ အတူကစားနေတဲ့ ကလေးကိုထိသွားတာ။ ပြောရရင်တော့ သေနတ်ပိုင်ရှင်ရဲ့ ပေါ့လျော့မှုပဲပေါ့” ဟု ဆိုသည်။

ပစ်ခတ်လိုက်သည့် ကလေးငယ်၏ မိသားစုဝင်များက ပစ်ခတ်ခံရသည့် ကလေးငယ်၏ ဆေးကုသစရိတ်များအတွက် တာဝန်ယူဆောင်ရွက်ပေးလျှက်ရှိသည်ဟု သိရသည်။

ရခိုင်တွင် စစ်ကျန်လက်နက်နှင့် မိုင်းအန္တရာယ်များအပြင် လက်နက်ကိုင်ဆောင်သူများ၏ မတော်တဆ အပြုမှုများကြောင့် ဒေသခံများမှာ ထိခိုက်မှုရှိလာနေသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနစ် ဖော်ဖော်ဝါရီလ အတွင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ် ကုန်တန်းကြိမ်ချောင်း ကျေးရွာ၌ ဗုံးသီးကိုင်ဆောင်လာသည့် AA တပ်ဖွဲ့ဝင် (အရက်မူးနေ) က ဗုံးသီးကို စနက်တံဖြုတ်လိုက်မှုကြောင့် ကလေးငယ် ၂ ဦးသေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိမှုများလည်း ရှိခဲ့သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ