Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
Ref: ကန်ကောက်ပို့စ်, Khaosod

ထိုင်းနိုင်ငံ မြောက်ပိုင်း ရေကြီးနိုင်သည်ဟု သတိပေးချက် ထုတ်ပြန်ပြီးနောက် လမ်ပူခရိုင်မှာ မွေးမြူထားသော မိကျောင်းများကို သတ်ရန် မွေးမြူရေးပိုင်ရှင်က ဆုံးဖြတ်ခဲ့သည်။

ရေကြီးရေလျှံမှုများကြောင့် မီးကျောင်းများ လွတ်မြောက်သွားနိုင်ပြီး ဒေသခံပြည်သူများအတွက် အန္တရာယ်ဖြစ်စေနိုင်ပြီး မသတ်ချင်သော်လည်း အမျိုးအကျိုးအတွက် သတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု မွေးမြူရေးပိုင်ရှင်က ဆိုသည်။

” ရက်စက်လို့ သတ်ဖြတ်တာမဟုတ်ဘဲ ရေဘေးကြောင့် သူတို့ လွတ်မြောက်သွားရင် လူတွေကို ထိခိုက်နိုင်တဲ့အတွက် သတ်ဖို့ ဆုံးဖြတ်ချက်ချတာကို ရက်စက်စွာ သတ်ဖြတ်တယ်ဆိုတဲ့ စကားလုံးကို မသုံးဖို့ မေတ္တာရပ်ခံပါတယ် ” ဟု ပြောသည်။

လက်ရှိတွင် မီးကျောင်းမွေးမြူရေးခြံ နံရံသည် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးသွားပြီး ဆက်လက် မိုးသည်းထန်ပါက တံတိုင်းကျိုးသွားနိုင်ကာ မီးကျောင်းများက လူ့အသက်ကို အန္တရာယ်ဖြစ်စေမည်ဟု သိရသည်။

မွေးမြူရေးပိုင်ရှင်သည် မီးကျောင်းများကို မွေးမြူထားသည်မှာ ၁၇ နှစ်ကျော် ရှိပြီဖြစ်ပြီး ၎င်း၏ ဆုံးဖြတ်ချက်ကြောင့် ဘတ်ငွေ ၁.၄ သန်းခန့် ဆုံးရှုံးသွားမည်ဖြစ်သည်။

သတ်ထားသော မီးကျောင်းများကို အအေးခန်းထဲ ထားရှိကာ အသားများကို ရောင်းချသွားမည်ဟု သိရသည်။

ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့အထိ မီးကျောင်း အကောင် ၉၀ ကို ပထမ အသုတ် သတ်ထားကြောင်းနှင့် နောက်ထပ် မီးကျောင်းအကောင်ရေ ၅၀၀ မွေးမြူရေးခြံ၌ ကျန်ရှိနေသေးကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ