Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ပေါက်တောမြို့နယ်က ဆင်တက်မော် မွတ်ဆလင်ဒုက္ခသည်စခန်းအား တွေ့ရစဉ်။ (ပုံဟောင်းဖြစ်သည်)

(ဝမ်းရောဂါကြောင့် သေဆုံးသူ မွတ်ဆလင် ၁၇ ဦးအထိ မြင့်တက်)

ရခိုင်ပြည် ပေါက်တောမြို့နယ်က ဆင်တက်မော် မွတ်ဆလင်ဒုက္ခသည်စခန်းတွင် ဝမ်းရောဂါကြောင်း သေဆုံးသူ ၄ ဦးအထိ ရှိလာနေပြီဖြစ်သည်။

ဝမ်းပျက်ဝမ်းလျော့ ဖြစ်ပွားနေသည်မှာ လအနည်းငယ် ကြာပြီဟု မွတ်ဆလင်များက ပြောဆိုကြပြီး အဆိုပါ ၄ ဦးမှာ စက်တင်ဘာလအတွင်းက သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။

စခန်းတာဝန်ရှိသူတစ်ဦးက “ဝမ်းရောဂါဖြစ်လို့သေတဲ့ သူတွေရှိတယ်။ ၄ ယောက်သေပြီ။ အခုပြီးခဲ့တဲ့ ရက်ကလည်း ၂ ယောက် သတိမေ့တယ်။ ဝမ်းသွားတာက အရည်တွေပဲ သွားတော့တယ်။ စခန်းမှာရှိတဲ့လူတွေက အဟာရပြတ်၊ ဝမ်းသွားနဲ့ တော်တော် ဒုက္ခဖြစ်နေကြရပါတယ်” ဟုပြောသည်။

ဝမ်းရောဂါကြောင့် သေဆုံးခဲ့သူ ၄ ဦးမှာ အသက် ၂၃ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးနှင့် အသက် ၅ နှစ်အောက် ကလေးငယ် ၃ ဦးတို့ဖြစ်ကြောင်း မွတ်ဆလင်ဒုက္ခသည်များက ပြောသည်။

စခန်းတာဝန်ခံအဖွဲ့ဝင် နောက်ထပ် မွတ်ဆလင်တစ်ဦးက “ဝမ်းရောဂါဖြစ်နေတာ လူပေါင်း ၄၀၀ ကျော်လာပါပြီ။ AA ဖက်က ဆေးလာကုပေးတာတွေတော့ ရှိခဲ့တယ်။ ဒါပေမယ့် စခန်းမှာရောဂါဖြစ်နေတဲ့ သူတွေက ဆက်ရှိနေတုန်းပဲ။ အခုရောဂါဖြစ်နေတာကို အနီးနားရပ်ရွာတွေက အလှူငွေတွေနဲ့ပဲ ကိုယ်ထူကိုယ်ထ ကုနေကြရတယ်” ဟု ပြောသည်။

ဆင်တက်မော် ဒုက္ခသည်စခန်းမှာ အိမ်ထောင်စု ၅၇၀ ခန့်နှင့် လူဦးရေ ၂၈၂၈ ဦးခန့် နေထိုင်နေသည့် စခန်းတစ်ခုဖြစ်ကာ WFP မှ ထောက်ပံ့နေကျဖြစ်သည့် စားနပ်ရိက္ခာ အထောက်ပံ့မရသည်မှာလည်း ၅ လကျော်ကြာနေပြီဖြစ်ကြောင်း သိရသည်။

ပေါက်တောမြို့နယ်တွင် လက်ရှိ ဆင်တက်မော် မွတ်ဆလင်ဒုက္ခသည်စခန်းအပြင် အနောက်ရဲမွတ်ဆလင် ဒုက္ခသည်စခန်းတွင်လည်း ဝမ်းရောဂါကြောင့် သေဆုံးသူ ၁၃ ဦးထိရှိခဲ့ပြီး စားနပ်ရိက္ခာများလည်း ပြတ်လပ်နေကြသည်။

အခြားသော မွတ်ဆလင်ဒုက္ခသည်စခန်းများဖြစ်သည့် ကြိမ်နီပြင်၊ ငှက်ချောင်း (၁) နှင့် ငှက်ချောင်း (၂) စခန်းများတွင်လည်း ဝမ်းရောဂါဖြစ်ပွားခြင်းနှင့် ဖျားနာခြင်းများ ဖြစ်ပွားနေကြောင်း မွတ်ဆလင်များက ပြောဆိုကြသည်။

ပေါက်တောဒေသက မွတ်ဆလင်ဒုက္ခသည်စခန်းများမှာ ယခင်က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ထောက်ပံ့မှုဖြင့် ရပ်တည်ခဲ့ရပြီး တကျော့ပြန်တိုက်ပွဲများကြောင့် WFP မှာလည်း လုပ်ငန်းများလျော့ချထား၍ ပေါက်တောက ဒုက္ခသည်မွတ်ဆလင်များမှာ ရိက္ခာမရသည်မှာ ၈ လကျော် ရှိနေပြီဖြစ်သည်။

မွတ်ဆလင်ဒုက္ခသည်များမှာ ပင်လယ်ထွက် သားငါးရှာဖွေ လုပ်ကိုင်စားသောက်ကြသော်လည်း ကုလားတန်မြစ်ထဲ သွားလာနေသည့် စစ်ကောင်စီရေတပ်က ဖမ်းဆီးခြင်းကို ခံနေရပြီး ကုန်ခဲ့သည့် စက်တင်ဘာလ ၂၃ ရက် နေ့လယ် မွတ်ဆလင် ၁၇ ဦးအဖမ်းခံခဲ့ရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ