Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ထိုင်းနိုင်ငံဝန်ကြီးချုပ်အသစ်ဖြစ်လာသည့် Paetongtarn Shinawatra အား တွေ့ရစဉ်။ (ဓါတ်ပုံ - Instagram/ ingshin21)

ဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ် ဦးဆောင်သော ထိုင်းအစိုးရအဖွဲ့က ပြည်သူများ၏ ဒစ်ဂျစ်တယ် ပိုက်ဆံအိတ်ထဲသို့ ဘတ် ၁၀,၀၀၀ စီ ယမန်နေ့ စက်တင်ဘာလ ၂၅ ရက်တွင် ထည့်ပေးလိုက်သည်။

ရွေးကောက်ပွဲ ကတိကဝတ်အရ လူမှုဖုံလုံရေးကတ် ကိုင်ဆောင်ထားသည့် မသန်စွမ်းအပါအဝင် ထိုင်းပြည်သူများကို ဘတ် တစ်သောင်းစီ ပေးမည့်အစီအစဉ် အကောင်အထည်ဖော် လိုက်ခြင်းဖြစ်သည်။

အစီအစဉ်၏ ကနဦးအဆင့်အရ မသန်စွမ်းအပါအဝင် လူမှုဖုံရေးကတ် ကိုင်ဆောင်သူထားသူ ၁၄ ဒသမ ၅ သန်းကို ဘတ် တစ်သောင်းစီ ပေးလိုက်ပြီး လာမည့် ၆ လအတွင်း ပြည်သူ သန်း ၅၀ ခန့်ကို အပြီးသတ်ပေးချေသွားမည်ဟု သိရသည်။

၀န်ကြီးချုပ် ပေထုတ်တန်က “ယနေ့ ငွေသားဟာ ထိုင်းပြည်သူတွေလက်ထဲ ရောက်လိမ့်မယ်။ ဘတ်ငွေ ၁၄၅ ဘီလီယံကျော် ပေးလိုက်တာဟာ စီးပွားရေးလေပွေကို ဖန်တီးပေးလိမ့်မယ်” ဟု ဆိုသည်။

ထိုင်းအစိုးရသည် စီးပွားရေးကို ပြန်လည်ရှင်သန်လာစေရန်နှင့် ဒစ်ဂျစ်တယ်စီးပွားရေးအတွက် အခြေခံအုတ်မြစ်ချရန် ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်အစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဝန်ကြီးချုပ်က ပြောသည်။

Ref: ဘန်ကောက်ပို့စ်

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ