Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီ ရွေးကောက်ပွဲ မွန်ကောင်စီက တိုက်ဖျက်မည်

၂၀၂၅ တွင် ကျင်းပမည့် အာဏာသိမ်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်သွားမည်ဟု မွန်ပြည်နယ် ဖက်ဒရယ်ကောင်စီက ပြောဆိုလိုက်သည်။

စစ်ကောင်စီ ရွေးကောက်ပွဲအား တိုက်ဖျက်နိုင်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းထားကြောင်း မွန်ပြည်နယ် ဖက်ဒရယ်ကောင်စီ ပြောခွင့်ရ ဒေါက်တာ သီရိမွန်ချမ်းက ပြောသည်။

” စကစရဲ့ အတုအယောင်ရွေးကောက်ပွဲက တစ်တိုင်းပြည်လုံးက ပြည်သူတွေ အကျိုးဖြစ်မှာ မဟုတ်ဘဲ စစ်ကောင်စီနဲ့ စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက်သာ ဖြစ်တယ်။ ဒါကြောင့်မို့ အတုအယောင်ရွေးကောက်ပွဲကို ပြည်သူတွေ မပတ်သက်ဖို့ သတိပေးတိုက်တွန်းသွားမယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း ပြည်သူတွေ အကျိုးအမြတ်မရှိတဲ့ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ နည်းပညာအရရော ငွေကြေးအရရောအထောက်အပံ့မပြုဖို့ တိုက်တွန်းသွားမှာပါ” ဟု ဆိုသည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်တိုက်ဖျက်ရေးကော်မတီ ( MSFC’s Anti-Sham Election Committee) ကို စက်တင်ဘာလ ၁၇ ရက်နေ့တွင် အဖွဲ့ဝင် ၇ ဦး ဖြင့်ဖွဲ့စည်းခဲ့ပြီး ပြတ်ပြတ်သားသားဆန့်ကျင်တိုက်ဖျက်သွားမည်ဟု သိရသည်။

အတုအယောင်ရွေးကောက်ပွဲကို ဝင်ရောက်ပါဝင်ယှဥ်ပြိုင်မည့် နိုင်ငံရေးပါတီများကိုလည်း စစ်ကောင်စီ၏ အပေါင်းအပါများအဖြစ် သတ်မှတ်ဆန့်ကျင်တိုက်ဖျက်မည်ဟု မွန်ပြည်နယ် ဖက်ဒရယ်ကောင်စီက ဆိုသည်။

ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ငန်းများ လက်ရှိ မျိုးဆက်ကာလတွင် ရပ်တန့်သွားရန်အတွက် အဆိုပါ ရွေးကောက်ပွဲအား ဆန့်ကျင်ခြင်းအားဖြင့် နိုင်ငံရေးထွက်ပေါက်မပေးရန် တိုက်တွန်းတောင်းဆိုထားသည်။

နိုင်ငံတကာ ကလည်း အာဏာသိမ်း စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲအား အသိအမှတ်မပြုဘဲ နည်းပညာ၊ ငွေကြေးအစရှိသော မည်သည့် ကူညီမှုမျိုးကိုမှ မပြုလုပ်ရန် အလေးအနက် တိုက်တွန်းကြောင်း ထုတ်ပြန်သည်။

1 Comment

  • Zaproxy dolore alias impedit expedita quisquam.

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ