Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

မြန်မာပြည်မှာ စည်းလုံးညီညွတ်မှု ယိုင်နဲ့လာ၍ နိုင်ငံတကာ ပြိုင်ဆိုင်မှုကြားတွင် နိုင်ငံပါပျောက်သွားနိုင်သည်အထိ အန္တရာယ်ကြီးမားနေကြောင်း အာဏာသိမ်း စစ်ကောင်စီက ပြောသည်။

ဟန်ပြရွေးကောက်ပွဲနီးလာနေ၍ ပြည်သူလူထုအား တစ်ဖက်လှည့်စည်းရုံးသည့် မြန်မာ့အရေးအပေါ် စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းက စက်တင်ဘာလ ၂၇ ရက် သတင်းထုတ်ပြန်ရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ် ဇော်မင်းထွန်း အဓိက ပြောကြားချက်မှာ မကြာသေးခင်က ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် ပြန်လည်ထူထောင်ရေးကိစ္စ၊ နိုင်ငံတကာကာတွင် အကျိုးစီးပွား ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်း၊ ပြည်တွင်းစည်းလုံးညီညွတ်မှုမရှိကြောင်းနှင့် PDF များ, တိုင်းရင်းသား လက်နက်ကိုင်များ လက်နက်စွန့်ရေးကိစ္စတို့ဖြစ်သည်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောကြားသည့် PDF များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လက်နက်စွန့်ပြီး ပါတီနှင့် ရွေးကောက်ပွဲလမ်းကို ရွေးချယ်ကြရန် တိုက်တွန်းသည့် ပြောဆိုချက်ကို ဗိုလ်ချုပ်ဇော်မင်းထွန်းက ပိုမိုအလေးထား ပြောဆိုခဲ့သည်။

“ပြည်တွင်းစည်းလုံးညီညွတ်မှု ယိုင်နဲ့နေရင် နိုင်ငံတကာပြိုင်ဆိုင်မှုတွေအကြားမှာ နိုင်ငံပါ ပျောက်သွားနိုင်တဲ့အထိ အန္တရာယ်ကြီးမားလာပါတယ်။ ဒါကြောင့်လည်း ပြည်တွင်းညီညွတ်မှုကို ဦးတည်ပြီး ဒီကြေညာချက် ထွက်ပေါ်လာရခြင်းပဲဖြစ်ပါတယ်” ဟု ပြောသည်။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စည်းလုံးညီညွတ်မှုရှိရေး ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း ယမန်နေ့ စက်တင်ဘာလ ၂၇ ရက် နံနက်ပိုင်းက ကိုးကန့်တပ် MNDAA သိမ်းပိုက်ထားသော လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

ယင်းအပြင် ကချင်ပြည်နယ် ဖားကန့်မြို့၊ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့၊ မကွေးတိုင်းက ကျေးရွာ အများအပြားကို တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှု ရှိခဲ့ကြသည်။

1 Comment

  • Zaproxy dolore alias impedit expedita quisquam.

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ