Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၂၀၂၃ ခုနှစ်၊ မေလအတွင်းက တွေ့ရသော ရခိုင့်ပင်လယ်ပြင်နှင့် မိုးတိမ်ဖြစ်ပွားထွန်းမှုမြင်ကွင်း။ (ပုံဟောင်းဖြစ်သည်)

ရခိုင်ပြည် အပါအဝင် တနင်္သာရီနှင့် ကချင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျှက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်နိုင်၍ ကြိုတင်သတိပြုကြရန် စစ်ကောင်စီ မိုး/ဇလက ထုတ်ပြန်ထားသည်။

ယင်းအပြင် မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များလည်း ဖြစ်ပေါ်နိုင်ကြောင်း ယနေ့ နိုဝင်ဘာလ ၆ ရက် နံနက် ၇ နာရီက ထုတ်ပြန်ခဲ့သည်။

နောက် ၂ ရက်အတွက် ခန့်မှန်းချက်မှာ နေပြည်တော်၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင်၊ မွန်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၃ ပေမှ ၆ ပေခန့် ရှိနိုင်ကြောင်းလည်း မိုး/ဇလက ဆိုသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ