Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

မင်းအောင်လှိုင်ကို ကြိုဆိုသော အနုပညာရှင်များ

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့နယ်မှာ နိုဝင်ဘာလ ၆, ၇ ရက်များတွင် ကျင်းပခဲ့သည့် မဲခေါင်အစည်းအဝေးသို့ တက်ရောက်ခဲ့သော မြန်မာနိုင်ငံ၏ အာဏာသိမ်း စစ်ခေါင်းဆောင်လည်းဖြစ် နိုင်ငံတစ်ဝှမ်း အကြမ်းဖက်မှုမျိုးစုံကို ကျူးလွန်နေသော ခေါင်းဆောင်လည်းဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပြန်ခရီးကို မြန်မာ့အနုပညာရှင်အချို့က အားရဝမ်းသာစွာဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။ နေ့စဉ် အကြမ်းဖက်မှုမျိုးစုံကို ကျူးလွန်နေသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တရုတ်နိုင်ငံက ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။ မြန်မာ့ရုပ်ရှင်အစည်းအရုံး၏ ထိပ်ပိုင်းခေါင်းဆောင်များထဲတွင် ပါဝင်သော ဒါရိုက်တာ ဇင်ယော်မောင်မောင်၊ ရန်အောင်၊ စိုးမြတ်သူဇာ၊ မေသန်းနု၊ မေသဥ္ဇာဦး အပါအဝင် ဂျင်းနီ၊ ယုန်လေးနှင့် ဒိန်းဒေါင်တို့ပါ ကြိုဆိုခဲ့ကြသည်ကို တွေ့ရသည်။ နယ်ပယ်စုံက အနုပညာရှင်များအပါအဝင် မြန်မာ့ရုပ်ရှင်အစည်းအရုံး၏ အဖွဲ့ဝင်များမှာ […]

နိုဝင်ဘာ ၁၀ - ၂၀၂၄

AA ထိုးစစ်ကြောင့် တောင်ကုတ် ကိုင်းရှည်တံတားရှိ အထိုင် စစ်ကောင်စီတပ်စခန်းများ တပ်ပြန်ဆုတ်

(တံတား နှစ်စင်းလုံးတွင် စစ်ကောင်စီတပ်က မိုင်ထောင်ထားခဲ့) ရခိုင်ပြည်၊ တောင်ကုတ်မြို့ ကိုင်းရှည်တံတားအနီးရှိ စစ်ကောင်စီတပ်စခန်းများကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တပ်နောက်ပြန်ဆုတ်သွားပြီး တံတားများတွင် မိုင်းထောင်ထားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ ယခုရက်ပိုင်းများတွင် AA ၏ ထိုးစစ်အရှိန်ကြောင့် စစ်ကောင်စီတပ်သားများသည် ယမန်နေ့က စ၍ တပ်ဆုတ်ခွာခဲ့ခြင်းဖြစ်ပြီး မြို့ထဲ တပ်ရင်းများသို့ ပူးပေါင်းသွားကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက Western News ကိုပြောသည်။ “အာလိန်ငါးဆင့်ကျောင်းတိုက်နဲ့ ကိုင်းရှည်တံတားမှာ အထိုင်ချပြီးတော့ တပ်စွဲထားတာရှိတယ်။ မနေ့ညကစပြီး မရှိတော့ဘူး။ မြို့ထဲဖက်ကို တပ်ဆုတ်သွားပြီ၊ တစ်ချို့ကတော့ မြို့ထဲက စကခ ၅ နဲ့ ပေါင်းသွားကြတယ်လို့ သိရတယ်။ အခုက AA က မြို့ထဲအထိ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်။ တိုက်ပွဲကလည်းအရမ်း ပြင်းထန်နေတယ်”ဟုပြောသည်။ […]

နိုဝင်ဘာ ၁၀ - ၂၀၂၄

စစ်ကောင်စီ ဝါဒဖြန့်ချိရေး သင်္ခန်းစာများကို ကျောင်းသင်ရိုးအဖြစ် ထည့်သွင်းရန် ပြင်ဆင်လာ

စစ်တပ်၏ အာဏာရှင်စနစ် ဝါဒဖြန့်ချီရေး သင်ခန်းစာများကို ကျောင်းသင်ရိုးအဖြစ် ထည့်သွင်းသင်ကြားရန် စစ်ကောင်စီက ပြင်ဆင်နေကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ BACS က စုံစမ်းဖော်ထုတ်ထားသည်။ ယခု လက်ကျန် စာသင်နှစ် သို့မဟုတ် လာမည့် ပညာသင်နှစ်များမှာ စစ်တပ်၏ မတရား စစ်မှုထမ်းဥပဒေ၊ အခြေခံဥပဒေနှင့် အာဏာရှင်ဆန့်ကျင်သော အင်အားစုများကို ပုံဖျက်ရေးဆွဲထားသည့် အကြမ်းဖက် ဥပဒေစသော ဝါဒဖြန့်ဘာသာရပ်များကို စစ်ကောင်စီလက်အောက်က အခြေခံပညာ ကျောင်းသားများ သင်ယူရဖို့ ရှိနေကြောင်း BACS က ဆိုသည်။ ပြီးခဲ့သည့် သီတင်းပတ်တွေအတွင်း ရန်ကုန်၊ မကွေး၊ မွန်ပြည်နှင့် ရှမ်းပြည်တောင်ပိုင်းက စစ်ကောင်စီထိန်းချုပ်ထားသော မြို့ကြီးများမှာ အခြေခံပညာ အထက်တန်းအဆင့် ဆရာ၊ ဆရာမများကို စစ်တပ်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ အကြမ်းဖက်မှု ဥပဒေများနှင့် […]

နိုဝင်ဘာ ၁၀ - ၂၀၂၄
၂၀၂၅ ခုနှစ်လယ်တွင် ရခိုင်ပြည်တွင် လူဦးရေ ၂သန်းကျော် အငတ်ဘေး ကြုံရနိုင်
၂၀၂၅ ခုနှစ်လယ်တွင် ရခိုင်ပြည်တွင် လူဦးရေ ၂သန်းကျော် အငတ်ဘေး ကြုံရနိုင်
လာမည့် ၂၀၂၅ ခုနှစ်လယ်တွင် ရခိုင်ပြည်အတွင်း လူဦးရေ ၂သန်းကျော်လောက်မှာ အငတ်ဘေးနှင့် ကြုံရနိုင်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP က နိုဝင်ဘာလ ၇ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။ ရခိုင်ပြည်အတွင်း တိုက်ပွဲများပြင်းထန်နေခြင်းနှင့်အတူ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့မှုအပါအဝင် ပြည်အတွင်း နိုင်ငံတကာ ကုန်ပစ္စည်းဝင်ရောက်မှု ကန့်သတ်ခြင်း၊ ဝင်ငွေမရှိခြင်း ငွေကြေးဖောင်းပွခြင်းတို့ကြောင့် လာမည်နှစ်အတွင်း ဆိုးဆိုးရွားရွားကြုံရနိုင်ကြောင်း ဆိုသည်။ ထို့အပြင် ရခိုင် ပြည်တွင်းထုတ်ကုန် သိသိသာသာကျဆင်းမှု...
Read More
တောင်ကုတ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးခန့်သေဆုံး
တောင်ကုတ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးခန့်သေဆုံး
(နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး ကျေးရွာများမှ အရပ်သားများအား အမြန်ဆုံးထွက်ခွာရန် AA သတိပေး) တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည့် ရခိုင်ပြည် တောင်ကုတ်မြို့နယ်တိုက်ပွဲတွင် တစ်ညအတွင်း စစ်ကောင်စီတပ်ဖက်က တပ်သား ၂၀ ဦးခန့်သေဆုံးခဲ့ပြီး အများအပြား ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံစစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ယမန့်နေ့ နိုဝင်ဘာ ၇ ရက် ၇ နာရီခွဲအချိန်စ၍ ယနေ့ နံနက်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲမှာ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်က ယင်းကဲ့သို့ ထိခိုက်သေဆုံးမှုဖြစ်ပွားခဲ့ခြင်းဟု အမည်မဖော်လိုသည့်...
Read More
ဖမ်းဆီးထားသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀ ဦးကို AA ကမ်းခြေစောင့်တပ်က ပြန်လည် လွှဲပြောင်း
ဖမ်းဆီးထားသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀ ဦးကို AA ကမ်းခြေစောင့်တပ်က ပြန်လည် လွှဲပြောင်း
အာရက္ခတပ်တော် AA က ဖမ်းဆီးထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၂၀ ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်ရဲတပ်ဖွဲ့ထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း TTN သတင်းဌာနတွင် ဖော်ပြထားသည်။ ရခိုင်ပြည် ပိုင်နက် အတွင်းသို့ ကျူးကျော်ဝင်ရောက်ပြီး ငါးဖမ်းနေသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၀ ဦးကို ငါးဖမ်းလှေများနှင့်အတူ AA ၏ ကမ်းခြေစောင့်တပ်သားများ နိုဝင်ဘာလ ၅ ရက်နေ့မှာ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၂၀ ဦးကို နိုဝင်ဘာလ ၇ ရက်နေ့ ညနေတွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ထံသို့...
Read More
စစ်ကောင်စီ ဗုံးကြောင့် တောင်ကုတ်တွင် အရပ်သား ၁ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာ ပြင်းထန်
စစ်ကောင်စီ ဗုံးကြောင့် တောင်ကုတ်တွင် အရပ်သား ၁ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာ ပြင်းထန်
စစ်ကောင်စီ လေကြောင်းမှ ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ရခိုင်ပြည်၊ တောင်ကုတ်မြို့ခံ သက်ကြီးပိုင် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ၁ဦး လက်တစ်ဖက် ဖြတ်လိုက်ရကြောင်း ဒေသခံများ၏ ပြောဆိုချက် အရ သိရသည်။ နိုဝင်ဘာ ၆ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်လောက်တွင် တောင်ကုတ်မြို့ နတ်မော်ကျေးရွာကြားနှင့် ကိုင်းရှည်ကျေးရွာဖက်များကို စစ်ကောင်စီက ဒရုန်းဖြင့် လာရောက်ဗုံးကြဲမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ တောင်ကုတ်ဒေသခံအမျိုးသားတစ်ဦးက “တစ်ယောက်က ဗုံးစထိမှန်ပြီးတော့ ဆေးရုံမှာ လက်ကို ဖြတ်လိုက်ရပါတယ်။ တစ်ယောက်တော့...
Read More
အမေရိကန်သမ္မတသစ်ကို မြန်မာသမ္မတက ဂုဏ်ပြု
အမေရိကန်သမ္မတသစ်ကို မြန်မာသမ္မတက ဂုဏ်ပြု
(ထရမ့်ဦးဆောင်သည့် အမေရိကန်အစိုးရ မြန်မာ့အရေး လျစ်လျူရှုမည်ကို စိုးရိမ်) နောက်ထပ်တစ်ကြိမ် ရွေးကောက်ခံရသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဂုဏ်ပြုကြောင်း ထုတ်ပြန်ထားသည်။ သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် ယခု ၂၀၂၄ ခုနှစ်တွင် အမေရိကန်သမ္မတအဖြစ် ထပ်မံရွေးကောက်ခံရပြီး အမေရိကန်အစိုးရအဖွဲ့ကို ဦးဆောင်ခွင့် ရရှိသွားသည်။ NUG ယာယီသမ္မတက ရွေးကောက်ပွဲအနိုင်ရ ထရမ့်ကို ဂုဏ်ပြုရင်း အမေရိကန်နှင့် ခိုင်မာသော ဆက်ဆံရေး ဆက်လက်ထူထောင်ရန် မျှော်လင့်ကြောင်း ပြောသည်။ “အမေရိကန်သမ္မတအဖြစ်...
Read More
အမ်းနှင့်ဂွမြို့နယ်က စစ်ကောင်စီတပ်စခန်း ၄ ခုကို AA ထပ်မံသိမ်းပိုက်
အမ်းနှင့်ဂွမြို့နယ်က စစ်ကောင်စီတပ်စခန်း ၄ ခုကို AA ထပ်မံသိမ်းပိုက်
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ ရခိုင်ပြည် အမ်းမြို့က တပ်ရင်းနှစ်ခုနှင့် ဂွမြို့နယ်က တပ်စခန်းနှစ်ခုကို အာရက္ခတပ်တော် AA က နိုဝင်ဘာလ ၆ ရက်နေ့တွင် သိမ်းပိုက်ခဲ့ကြောင်း ဒေသခံ စစ်ရေးသတင်းသိသူများက ပြောသည်။ ဂွမြို့နယ်က တိုင်ကျိုးတပ်စခန်းနှင့် ယင်းရွာအနီးရှိ ပုဂံတောင်တပ်စခန်းကို နိုဝင်ဘာလ ၅ ရက်နေ့တွင် စတင်တိုက်ခိုက်ပြီး နိုဝင်ဘာ ၆ ရက် နေ့လယ်ပိုင်းတွင် AA က သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ “တိုင်ကျိုးနဲ့ ပုဂံတောင်ကို သိမ်းလိုက်ပါပြီ။ မကြာခင် ကမ်းသာယာကို သိမ်းပြီးတော့ ဂွမြို့ထဲ ရောက်လာနိုင်ပါတယ်။...
Read More
ရခိုင်တွင် မိုင်းအန္တရာယ်ကြောင့် တောတောင်အမှီပြု အသက်မွေးသူများ အကျပ်အတည်းကြုံ
ရခိုင်တွင် မိုင်းအန္တရာယ်ကြောင့် တောတောင်အမှီပြု အသက်မွေးသူများ အကျပ်အတည်းကြုံ
နှစ်ဖက်တိုက်ပွဲများဖြစ်ပွားမှုရှိနေသည့် ရခိုင်တွင် မိုင်းအန္တရာယ်ကြောင့် တောတောင်ကို အမှီပြု၍ အသက်မွေးဝမ်းကျောင်းပြုနေရသူများမှာ အကျပ်အတည်းများဖြင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။ ထင်းခွေ၊ ဟင်းရှာ၊ သစ်ခုတ်၊ ဝါးခုတ်၊ တောင်ယာလုပ်ငန်းနှင့် အခြား တောတောင်အမှီပြုအလုပ်များဖြင့် အသက်မွေးဝမ်းကျောင်းပြုနေရသူများမှာ မိုင်းအန္တရာယ်ကြောင့် အလုပ်အကိုင်များကို ထိခိုက်မှုများရှိလာသည်ဟု တောတောင်အမှီပြု လုပ်ကိုင်စားသောက်နေသူများက ပြောဆိုကြသည်။ တောင်ယာလုပ်ငန်းဖြင့် စားဝတ်နေရေးဖြေရှင်းနေသူ မြောက်ဦးမြို့နယ်...
Read More
အမည်ပျက်စာရင်းရှိသူများကို ပြည်ပထွက်ခွင့် စစ်ကောင်စီတင်းကျပ်
အမည်ပျက်စာရင်းရှိသူများကို ပြည်ပထွက်ခွင့် စစ်ကောင်စီတင်းကျပ်
အမည်ပျက်စာရင်းရှိသူ Black List များကို ပြည်ပထွက်ခွင့်မပေးဘဲ တင်းတင်းကျပ်ကျပ် စိစစ်တားဆီးရန် စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက လေဆိပ်တာဝန်ရှိသူများကို ညွှန်ကြားနေသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ကြိုင်က ရန်ကုန်လေဆိပ် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝန်ထမ်းများနှင့် အခြားသော လေဆိပ်တာဝန်ရှိသူများကို နိုဝင်ဘာ ၄ ရက်က ညွှန်ကြားခဲ့သည်။ အမည်ပျက်စာရင်း သွင်းထားသူများကို ပြည်ပထွက်ခွာခွင့်မပေးခြင်းမှာ ယခင်ကတည်းကဖြစ်ပြီး Black List (အမည်ပျက်စာရင်း) သွင်းထားသူများကို...
Read More
တောင်ကုတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက် ကိုယ်စီဖြင့် ထွက်ပြေး၊ ယနေ့ နံနက်ပိုင်းအထိ တိုက်ပွဲများ ပြင်းထန်နေ
တောင်ကုတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက် ကိုယ်စီဖြင့် ထွက်ပြေး၊ ယနေ့ နံနက်ပိုင်းအထိ တိုက်ပွဲများ ပြင်းထန်နေ
တိုက်ပွဲများ ပြင်းထန် ဖြစ်ပွားနေသည့် ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး လက်နက်ကိုယ်စီဖြင့် ယမန်နေ့ နိုဝင်ဘာ ၆ ရက်နေ့က ညက ထွက်ပြေး သွားကြောင်း ဒေသခံစစ်ရေး သတင်းရင်းမြစ်များက ပြောသည်။ တောင်ကုတ်မြို့အဝင် အထွက်တစ်ခု ဖြစ်သော ကိုင်းရှည် စစ်ကောင်စီစစ်ဆေးရေးဂိတ် တံတားတွင် တာဝန်ကျနေသည့် စစ်ကောင်စီတပ်သား ၃ဦးသည် လက်နက်ကိုယ်စီဖြင့် ထွက်ပြေးသွား ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ဒေသခံစစ်ရေး သတင်းရင်းမြစ်တစ်ဦးက Western News ကိုပြောသည်။ “မနေ့က သုံးယောက် ထွက်ပြေးလာကြပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါ။...
Read More
အမ်း-ပဒါန်းလမ်းက စစ်ကောင်စီ ကင်းစခန်းနှစ်ခုကို တော်လှန်ရေးတပ်များ စီးနင်းတိုက်ခိုက်
အမ်း-ပဒါန်းလမ်းက စစ်ကောင်စီ ကင်းစခန်းနှစ်ခုကို တော်လှန်ရေးတပ်များ စီးနင်းတိုက်ခိုက်
(စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံးပြီး ဒဏ်ရာရရှိသူများကို ဆိုင်ကယ်နှင့်ကယ်ထုတ်) ရခိုင်ပြည်နှင့် မကွေးတိုင်းဆက်ထားသည့် အမ်း-ပဒါန်းလမ်းပိုင်းတွင် လုံခြုံရေးယူထားသော စစ်ကောင်စီ၏ ကင်းစခန်းနှစ်ခုကို တော်လှန်ရေး ၃ ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဂုတ်ကြီးရွာထိပ် ဘုံဘောလမ်းဆုံနှင့် မိုင်တိုင် ၁၁ ရှိ စစ်ကောင်စီ ကင်းစခန်းနှစ်ခုကို နိုဝင်ဘာ ၅ ရက်တွင် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway)၊ အရှိုချင်းကာကွယ်ရေးတပ်(ACDF) နှင့် မင်းဘူးခရိုင်အမှတ်(၂) တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့သည်။ နံနက်...
Read More

PHOTO NEWS

တော်လှန်ရေးခရီးကြမ်းနှင့် ရခိုင်လူထု

တော်လှန်ရေးခရီးကြမ်းနှင့် ရခိုင်လူထု

ဇူလိုင် ၄ - ၂၀၂၄

ကမ္ဘာ့သမိုင်းတစ်လျှောက် အဖိနှိပ်ခံလူတန်းစားများမှာ ၎င်းတို့၏အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရန် တော်လှန်‌ရေး တစ်ရပ်ကိုအမြဲဆင်နွှဲကြရလေ့ရှိတတ်သည်။ မျက်မှောက်ခေတ်‌တွင်လည်း ထိုကဲ့သို့ပုံစံတူ တော်လှန်ရေးများ ဆက်လက်ပေါ်ပေါက်လျှက်ရှိနေကြဆဲပင်။ ရခိုင်ပြည်၌ လက်ရှိကြုံနေရသည့် တိုက်ပွဲများမှာလည်း အဖိနှိပ်ခံရမှုများမှ ပေါ်ပေါက်လာခဲ့သည့်

သံတွဲနဲ့ ငပလီမှာ ဘာတွေဖြစ်ပျက်နေသလဲ

သံတွဲနဲ့ ငပလီမှာ ဘာတွေဖြစ်ပျက်နေသလဲ

ဇွန် ၂၄ - ၂၀၂၄

(သံတွဲလေဆိပ်နဲ့ ခမရ ၅၆၆ တပ်ရင်းကို AA က သိမ်းပိုက်လိုက်တာ တကယ်ဟုတ်သလား) ရခိုင်ပြည် သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော် AA တို့ နှစ်ဖက်တိုက်ခိုက်မှု

မြန်မာပြည်မှာ စည်းလုံးညီညွတ်မှု ယိုင်နဲ့လာ၍ နိုင်ငံတကာ ပြိုင်ဆိုင်မှုကြားတွင် နိုင်ငံပါပျောက်သွားနိုင်သည်အထိ အန္တရာယ်ကြီးမားနေကြောင်း အာဏာသိမ်း စစ်ကောင်စီက ပြောသည်။

၂၀၂၅ တွင် ကျင်းပမည့် အာဏာသိမ်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်သွားမည်ဟု မွန်ပြည်နယ် ဖက်ဒရယ်ကောင်စီက ပြောဆိုလိုက်သည်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် လက်နက်စွန့်ပြီး ရွေးကောက်ပွဲလမ်းစဉ် ရွေးချယ်ကြရန် ပြောဆိုချက်အပေါ် ကချင် KIO

ဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ် ဦးဆောင်သော ထိုင်းအစိုးရအဖွဲ့က ပြည်သူများ၏ ဒစ်ဂျစ်တယ် ပိုက်ဆံအိတ်ထဲသို့ ဘတ် ၁၀,၀၀၀